Episode - 10

75 5 0
                                    

ဒယ်ဂူကိုရောက်ပြီ အိပ်ပျော်နေတဲ့ ယောင်းငယ်ကို မနှိုးရက်  အပြစ်ကင်းစင်တဲ့ ယောင်းရဲ့မျက်နှာလေးကို ငေး၍သာကြည့်ချင်မိသည်

သို့သော် မန်နေဂျာ Eunလေးကြောင့်  နှိုးရလေပြီ

"ယောင်း ယောင်းငယ် ထတော့ ယောင်းရယ်"

"ဟင်... အင်း"

Van ထမယ်လုပ်လိုက်တော့ Jkရင်ခွင်ထဲရောက်နေတာမို့ နှစ်ဦးသားအကြည့်ချင်းဆုံမိကာ မျက်နှာချင်း အကွာမှာ  ၂လက်မ လောက်သာရှိတော့သည်

"အဟမ်း "

Van တစ်ယောက်ချောင်းဟန့်ကာ Jk ရင်ခွင်မှ တွန်း၍ထလေသည်

"ကိုယ်ကို့ဘာလို့ဖက်ထားတာလဲ"

"ဟော မင်းဘဲ တိုးဝင်လာမဟုတ်ဘူးလား"

"အို အဲဒါကတော့"

"ထားလိုက်ပါ အရင်ကားပေါ်ကဆင်းရအောင်"

"အင်း "

Vanတစ်ယောက် ​မွေးရပ်မြေ ဒယ်ဂူကိုမရောက်တာတော်တော်ကြာနေပါပြီ အခုမှ မွေးရပ်မြေကို ရောက်တုန်း ကားပေါ်ကအဆင်း ဒယ်ဂူရဲ့ ရနံ လေသင်းသင်းလေးကို တဝကြွး ရှူရှိုက်လိုက်တော့တယ်

"Van Jk ကိုယ်တို့ဒီမှာတည်းရမယ်"

ဒယ်ဂူမှာ ရှိတဲ့ Jkရဲ့ အရင်အိမ်တော်ဟောင်းလေး
အိမ်တော်ဟောင်းလေးဆိုပေမဲ့ အခုထက်ထိတော့ သန့်ရှင်းတောက်ပြောင်နေဆဲ အသစ်တစ်လုံးဆောက်ထားသလားပင် ဒါကလည်း Jk ဟာ ဒီအိမ်ကလေးကို စောင့်ရှောက်ဖို့ရာ အိမ်ဖော်ဝန်ထမ်းများစွာခန့်အပ်ထားခြင်းကြောင့်ပင်

အိမ်တော်မှာ အလွန်ခမ်းနာကြီးကျယ်လှသည် Seoulမှာ ထက်စာရင် ပိုကြီးပြီး ပို၍ လှပသည် ကဗျာဆန်သည့်အပြင် Jkအဖို့ တန်ဖိုးအထားရဆုံးနေရာပင် ယောင်းနဲ့ အမှတ်တရအ​ဖြစ်ဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရသော နေရာလေးပင်

Van ကတော့ အိမ်တော်ကို ဝင်ဖို့ရာ ခြေလှမ်းများလေးလံနေရသည် ဒါပေါ့ သူ့အတွက် ဒီနေရာဟာ Jkလိုဘဲ အဖိုးတန်လှသည် သူ့ရဲ့ အကြိုက်ဆုံး Memory တွေ သိမ်းဆည်းထားရာ နေရာလေးပေါ့

ဒီအိမ်တော်ထဲကို သူဝင်မိတာနဲ့ သူ့ကိုယ်သူ အာမမခံနိုင် Jkအပေါ် သူနောက်ထပ် ကွေးညွှတ်သွားမည်ကိုသူသိသည် ဒါကြောင့်ဘဲ သူတွေဝေနေရတော့သည်

𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)Where stories live. Discover now