Episode - 23

59 4 0
                                    

"ခဗျားးး ဒါဘာလုပ်တာလဲ"

ဆေးရုံခန်းအဝမှ ယောင်းဆီကို ပြေးဝင်လာကာ ဆွဲထူပေးလိုက်သော Jimin....

"ယောင်း အဆင်ပြေရဲ့လား"

ယောင်းကို ဆွဲထူကာ ကုကီမေမေ့ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီးးး

"အန်တီ ယောင်းမှာ ဘာအမှားရှိလို့ အခုလို လုပ်နေရတာလဲ...."

"ဘာ... သူကြောင့် ငါ့သညးလေးအခုလိုဖြစ်ရတာလေ....မင်း မမြင်ဘူးလား...ပြီးတော့ မင်းက ဘယ်သူလဲ ဘာလို့ဝင်ပါနေရတာလဲ "

"ဟက် ရယ်ရသားဘဲ ကျွန်တော်ပြောပြမယ် ကျွန်တော်က ဟောဒီက Jungkook နဲ့ ထယ်ယောင်းတို့ရဲ့သူငယ်ချင်း.. ပြီးတော့ ခဗျားပြောတဲ့ Jungkook အခုလို ဖြစ်ရတာကလေ...ဘယ်သူကြောင့်လဲဆိုတာ ခဗျားအနောက်က ကောင်မလေးကို မေးကြည့်သင့်တယ်ထင်တယ်နော် "

ခနိုးခနဲ အပြုံးနဲ့ Jiminလည်း ကုကီမေမေနောက်က Boraကို မေးဆတ်ကာ ပြလိုက်တော့ ကုကီမေမေ အနောက်သို့ပင်လှည့်ကြည့်မိသည်။

"အန် အန်တီ သူပြောတာတွေမယုံနဲ့...သူတို့က လျောက်ပြောနေတာ"

"ဟက်...ဒီမှာ Bora မင်း မင်းအပြစ်တွေကို ဖုံးကွယ်အုံးမလို့လား...အရင်ကလည်း မင်းကြောင့် ထယ်ယောင်း အသက်သေမလိုဖြစ်ခဲ့ရပြီးပြီ အခုလည်း ကြည့် မင်းကြောင့် Jungkookပါ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြန်ပြီ ။ "

"မ မဟုတ်ဘူးးး"

အကြောက်ကန်ငြင်းနေတဲ့ Bora....

ကုကီမေမေကတော့ ဘာကိုမှာ နားမလည်နိုင်သလို မေးခွန်းထုတ်လာခဲ့သည်

"မင်း မင်းဘာတွေပြောနေတာလဲ....သမီး Bora သူပြောတာ ဘာအဓိပ္ပါယ်လဲ"

"အန်တီ ဟိုလေ"

"ကဲပါ Bora မင်းမပြောနိုင်လည်း ငါဘဲ ပြောပေးလိုက်ပါ့မယ် "

တုန့်ဆိုင်းနေသည့် Boraကိက လက်ဖြင့် ရပ်တော့ဟုပြကာ....

"အန်တီ အန်တီ သိတဲ့အတိုင်းဘဲ ထယ်ယောင်း အရင့က သေမလိုဖြစ်ခဲ့တယ်လေ အက်စီးဒန့်တစ်ခုကြောင့် သူသေပြီလို့တောင် သတင်းတွေ ထွက်ခဲ့တယ်မလား။ "

"အေးးး"

"အဲတုန်းကလည်း အန်တီနောက်က အဲဒီ ကောင်မလေးလက်ချက်ဘဲ သူက အဲဒီ အက်စီးဒန့်ရဲ့ နောက်ကွယ်က လူဘဲ"

𝐅𝐢𝐫𝐬𝐭 𝐋𝐨𝐯𝐞 (အချစ်ဦး)Where stories live. Discover now