《၄၇》

2K 360 49
                                    

Unicode

[ အဝတ်​တွေ ​လျှော်​ပြီးပြီ။ ​ခြောက်သွားတဲ့ အဝတ်​တွေကို အခန်းအပြင်မှာ ချိတ်ထားခဲ့တယ်။ အိပ်ရာနိုးရင် မနက်စာစားဖို့ ​အောက်ဆင်းခဲ့ ]

ရွှီကျယ် အိပ်ရာနိုးလာ​သောအခါ နာရီကြည့်ရန် ဖုန်းဖွင့်လိုက်သည်။ဖန်သားပြင်ထက်က ထိုမက်​ဆေ့ကို ပထမဆုံး မြင်မြင်ချင်း သူ ​ငေါက်ခနဲ ထထိုင်လိုက်ချိန် ၊ နာကျင်မှု​ကြောင့် ပင့်သက်ရှိုက်မိသွား၏။

ရွှီကျယ် သည်အ​နေအထားအတိုင်း ​ခေတ္တမျှ ​​တောင့်တင်းသွားခဲ့သည်။မိမိအ​ခြေအ​နေက အရက်နာကျ​နေပါသည့်သဖွယ်။မရင်းနှီး ၊ မကျွမ်းဝင်​သော အိပ်ရာထက်ဝယ် အဝတ်မကပ်စွာ နိုးထလာခဲ့ရလျက် ဦး​နှောက် အလုပ်လုပ်မှုက ​နှေး​ကွေး​လေးကန်​နေသည် --- မှတ်ဉာဏ်များက အ​ရော​ရောအ​ထွေး​ထွေး။မ​နေ့က ရွှီကျယ် ရေချိုးခန်းထဲတွင် ​သူ့ဘာသာသူ ​လျှော်ဖွတ်အ​ခြောက်ခံရန် စီစဉ်ထား​သော အဝတ်အစားများကို အကြင်သူဟာ အခန်းထဲက ထွက်စဉ် တစ်ပါတည်း ယူ​ဆောင်​သွားခဲ့သည်​ပေ။

ရွှီကျယ် အိပ်ရာ​ပေါ်က​နေ ​လေး​လေးဖင့်ဖင့်​လေး ​လျောဆင်းလိုက်သည်။​မွှေးပွပဝါကို ခန္ဓာကိုယ်၌ ​ကောက်ခြုံ၍ တံခါးကို ဟသည်ဆိုရုံ​လေး ဖွင့်ကာ အဝတ်​များအား အထဲသို့ ဆွဲသွင်းလိုက်သည်။​ရွှီကျယ့်ခမျာ ခြေလှမ်းတစ်လှမ်းကိုပင် အနိုင်နိုင် လှမ်း​နေရသည် --- သူ ရေချိုးသန့်စင်ပြီး အခန်းထဲတွင် ​ခဏတစ်ဖြုတ် ​လမ်း​ပတ်လျှောက်လိုက်ပါမှ နည်းနည်း ကျင့်သားရလာခဲ့၏။

ရွှီကျယ် ​စောင်ကို သပ်သပ်ရပ်ရပ် ပြန်​ခေါက်​ပေးလိုက်သည်။၎င်း​နောက် ​အိမ်အောက်ထပ်သို့ တံခါးဖွင့် ဆင်းခဲ့သည်။လုဟယ့်ရန်ရဲ့အိမ်က ကြီးမားသည် ၊ ကျယ်ဝန်းသည် ၊ တိတ်ဆိတ်သည်။​လှေကားခွင်၌ ဆီးကြိုစောင့်ဆိုင်း​နေ​သော အိမ်​တော်ထိန်းက ရွှီကျယ့်ကို ထမင်းစားခန်းဆီ လက်ဟန်အမူအရာ ညွှန်ပြ​လာသည်။ရွှီကျယ့်အ​နေနှင့် ယင်းအပြုအမူကို အသားတကျ မခံယူတတ်သည်မို့ အိမ်​တော်ထိန်းအား အကြိမ်ကြိမ် ​ခေါင်းငုံ့အရိုအ​သေ​ပေးရင်း ခပ်တိုးတိုး ​​​ကျေးဇူး​တင်​နေခဲ့သည်။

ယွိ့ယန်နန်ကျစ် {ဘာသာပြန်ဝတ္ထု}Where stories live. Discover now