《၄၉》

1.9K 347 41
                                    

Unicode

နွေရာသီ စခန်းချခရီး လဝက်ခန့်အကြာ ကုယွင်ချီက ဆက်မ​နေချင်သဖြင့် အိမ်ပြန်ရန် စီစဉ်သည်။ဟယ့်​ဝေ့နှင့် လုဟယ့်ရန်တို့ပါ ၂ ရက်တာ အားလပ်ရက်ယူ၍ သုံး​ယောက်သား အတူပြန်လာခဲ့ကြသည်။

​လေယာဉ်က မနက်​အ​စောပိုင်း ဆိုက်သည်။လုချန်ယွီနှင့် လုချင်း​မော့သည်လည်း ထို​နေ့တစ်​နေ့တည်းတွင် ပြန်​လာခဲ့ကြသည့်တိုင် သူတို့ စီးနင်းကြသည်က အာဏာပိုင် အထူးသီးသန့်​လေယာဉ် ဖြစ်သည်။

အိမ်​ရောက်သည်နှင့် လုဟယ့်ရန် ​ရေမိုးချိုးကာ တစ်နာရီဝန်းကျင် အိပ်လိုက်သည်။အိပ်ရာနိုးလျှင် ​နေ့လယ်စာ စားပြီး ကား​မောင်းထွက်ခဲ့၏။လုချန်ယွီနှင့် လုချင်း​မော့တို့က ​လေယာဉ်ဆိုက်သည့်​နောက် ကိုယ်စီ လုပ်​ဆောင်ရမည့် အလုပ်များစွာရှိသည်မို့ အိမ်ကို ည​နေ​စော​စော ပြန်လာကြလိမ့်မည် မဟုတ်။

ယ​နေ့ ရာသီဥတုက ထူးထူးခြားခြား ပူ​လောင်အိုက်စပ်​နေရာ လမ်းမ​ပေါ်ဝယ် လူသူကျဲပါးလှသည်။လုဟယ့်ရန် ကားကို ပုံမှန်အရှိန်ထက် ခပ်မြန်မြန် ​မောင်းနှင်​နေသည်။မိနစ် ၅၀ ​ကျော် ကြာမြင့်​သောအခါ သူ လမ်းမကြီး​ဘေးက သစ်ပင်များ​အောက် ကားထိုးရပ်လျက် ကားမှန်ပြတင်းတစ်ဖက်ခြမ်းက လမ်းသွယ်ဆီ လှမ်းကြည့်လိုက်သည်။

ဤလမ်းက မြို့​တော်အ​နောက်ဘက်ရဲ့ အ​ဝေး​ပြေးလမ်းမကြီးထွက်​ပေါက်နှင့် သင်္ဘောဆိပ်ကမ်းမှသည် မြို့​​တော်အတွင်းသို့ ဝင်​နိုင်သည့် တစ်ခုတည်း​သော လမ်းဖြစ်​ချေသည် --- ပတ်ပတ်လည်၌ အများဆုံး ဝန်းရံ​နေသည်က ကားပြင်ဆိုင်များနှင့် ခရီး​ဝေး​ထောက်ပံ့ပို့​ဆောင်​ရေး ကုမ္ပဏီများ။

ကားပြင်ဆိုင်များက လမ်းမ​ဘေး ညာဘက်ခြမ်းတွင် မျက်နှာမူဖွင့်လှစ်ထားသည်။လက်ဝဲဘက်ခြမ်းရှိ ကားပြင်ဆိုင်တစ်ခု​အရှေ့၌ ပင့်တင်စက်​နှင့် အ​ပေါ်မြှင့်ထား​သော SUV ကားအောက်ဝယ် ​ခြေ​ထောက်တစ်စုံက အပြင်ဘက်ကို ထိုးထွက်​​နေသည်။ ၁၀ မိနစ်မျှ ကြာ​သော် ထို​ခြေတံများက ​ကွေးညွှတ်သွား၍ ကား​အောက်က​နေ စကိတ်ဘုတ်ပြားတစ်ခု ​လျှောတိုက်လှိမ့်လာသည် --- အယ်လ်ဖာက စကိတ်ဘုတ်ပြားထက်တွင် ပက်လက်လှဲနေ၏။သူ မတ်တပ်ရပ်ကာ လက်ထဲက ပစ္စည်းကိရိယာများကို တန်ဆာပလာဘူးထဲ သိမ်းသည်။

ယွိ့ယန်နန်ကျစ် {ဘာသာပြန်ဝတ္ထု}Where stories live. Discover now