စာရေးသူ၏အမှာစာ

204 27 11
                                    

Unicode

အမှာစာလို့သာ ခေါင်းစဉ်တပ်လိုက်တာ၊
ဘာတွေ ရေးရမလဲသိပ်မသိဘူးပေါ့လေ၊
ပုံမှန်ဆိုရင်တော့ ဝတ္တုစာအုပ်တွေကျနော် ဖတ်တိုင်းစာရေးသူရဲ့အမှာစာတွေ ဖတ်နေကျပေမယ့်
ကျနော်က အဲ့လောက်ထိ ‌တော်လွန်းတဲ့ စာရေးဆရာတစ်ယောက်လည်း မဟုတ်တော့ အမှာစာရေးရမှာ
နည်းနည်းတော့ စိတ်ထဲလေးပင်သလိုခံစားရတယ်။

ဒါပေမယ့်လည်း ဒီ Fic နဲ့ပတ်သက်ပြီး 'အပိုင်းတစ်'လို့မစခင် ပြောပြချင်တဲ့အကြောင်းလေးတွေရှိလို့ပါဗျ။
ပထမအချက်ကတော့ Flower ကို ကျနော် ၂၀၂၃
ဂျူလိုင်တည်းက စရေးခဲ့တာပါ၊ ဒါက ကျနော်ရေးတဲ့
ပထမဆုံး Chaesoo ကိုအဓိကအတွဲအဖြစ်ထားတဲ့ Fic ပေါ့နော်။ ဒါပေမယ့် Jenlisa ကလည်း အဓိကထဲမှာပါနေတာပါပဲ၊ ဇာတ်အသွားအလာအရပေါ့။

‌စပြီးရေးတုန်းက စိတ်အတော်နှစ်ပြီး ရေးနိုင်ခဲ့ပေမယ့် ဩဂုတ်၃ရက်နေ့မှာထွက်လာတဲ့ Jisoo Dating ကြောင့် နောက်ပိုင်း ဘယ်လိုမှအပိုင်းသစ်ကို မဆက်နိုင်ခဲ့ပါဘူး။

စိတ်ကိုက မရေးနိုင်တော့တာ၊ နောက်ဆုံး သူတို့ပြတ်တာတောင် ကျနော်စာရေးလို့ မ‌ရခဲ့ဘူး...
အဲ့လိုနဲ့ ဒီတစ်နှစ်ကျော် အချိန်အတွင်းမှာ အခြား သတင်းတွေလည်း အားလုံးကြားလောက်မှာပါ၊
ဆိုတော့ Fanfiction တစ်ပုဒ်ကိုရေးနိုင်ဖို့ အတော်ခဲယဉ်းနေခဲ့တဲ့ နေ့ရက်တွေပေါ့လေ။

Flower ကိုဆက်ရေးသင့်၊ မရေးသင့်တွေးလာရင်း အချိန်က ဒီလောက်ထိ ကြာသွားတယ်ဆိုရမှာပဲ။
ရေးဖို့ဆုံးဖြတ်လိုက်လို့လည်း အခုလိုအားလုံးဆီရောက်လာတာပေါ့နော်။

အရိုးသားဆုံးဝန်ခံရရင်တော့ ကျနော် ဒီ Fic ကို
Youth of May ဒရာမာပြန်ကြည့်ဖြစ်ရင်း အဲ့ခေတ်အဲ့အချိန်က ပုံစံနဲ့ ရေးကြည့်ဖို့ စိတ်ကူးရခဲ့တာပါ။
အဓိကဇာတ်ကောင်နှစ်ခုကိုလည်း Chaesoo ကလွဲကျန်တာကို ပုံဖော်လို့မရတာမို့ ဒီတိုင်းပဲရေးဖြစ်လိုက်ပါတယ်။

Flower လို့နာမည်ပေးဖြစ်တာတော့ Jisoo ရဲ့ Solo Song ကို ဂုဏ်ပြုတဲ့အနေနဲ့ အဲ့လိုလေးပေးခဲ့တာပါဗျ။

အမှားတစ်စုံတစ်ရာ၊ လိုအပ်ချက်အများအပြား ရှိခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြဖို့ ပြောထားပါရစေ။(အမှားတွေ၊ လိုအပ်ချက်တွေလည်း သေချာပေါက်ရှိ‌မှာပါ) နောက်ဆုံးပြောချင်တာကတော့ Flower ဟာ ကျနော်နောက်ဆုံးရေးမယ့် Fanfiction တပုဒ်ပါလို့ အသိပေးချင်ပါတယ်ဗျ။

FLOWER Where stories live. Discover now