အပိုင်း ၅
ထို့နောက် နှင်းဆီတို့ ပြန်လာခဲ့ကြသည်။အပြန်လမ်းတစ်လျောက်ဘာစကားမှ မပြောမိဘဲ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေလေသည်။ကားမောင်းနေရင်း ရေငတ်လာတာမို့ ကားကို လမ်းဘေးခန ထိုးရပ်လိုက်ပြီး ပြီးတော့ ရေဘူးကို ဖွင့်ပြီးသောက်မိသည်။လည်ချောင်း ချောက်ပြီး ရေတစ်အားငတ်နေတာမို့ တော်တော်များများသောက်လိုက်မိသည်။
ရေသောက်ပြီးလို့ ဘူးကို နေရာပြန်ထားတော့ ခံ့ထည်က နှင်းဆီကို ကြည့်နေတာနဲ့ တိုးလေသည်။
"အဟွတ် !..အဟွတ်!..."
တော်သေးတာက ရေသီးသွားပေမယ့် အပြင်ကိုတော့ ပြန်မထွက်ပါ။
"မမနှင်းဆီ အဆင်ပြေရဲ့လားဟင်.."
"ပြေ ပြေပါတယ်..အဟွတ်..."
"...."
သူ့လက်ကလေးနဲ့ ကျောကို လာပွတ်ပေးနေပြန်သည်။ဒီကလေးဘယ်လို ဖြစ်နေပါလိမ့်။မဟုတ်မှ သူက သဘောရိုးနဲ့ လုပ်ပေးနေတာကို နှင်းဆီကဘဲ တစ်မျိုးထင်နေတာများလား။
ဘာတွေ တွေးနေမိတာလဲ နှင်းဆီ သူက နင့်လိုမျိုး မိန်မသားတစ်ယောက်ဘဲလေ။ဘာလို့ ခနခန သူ့အ ကြောင်းတွေးပြီး ရင်ခုန်နေမိတာလဲ။ရိုးမှရိုးသားရဲ့လား။
အခုအချိန်မှာတော့ နှင်းဆီအတွေးနဲ့ နှင်းဆီ တိတ်ဆိတ်သွားရတော့သည်။
နေ့လယ် ၂နာရီလောက် ခံ့ထည်တို့အိမ်ကို ပြန်ရောက်သည်။ ရောက်ရောက်ခြင်း မမက မုန့်လက်ဆောင်းဝယ်ထားတာမို့ ဝင်စားသွားဖို့ ခေါ်နေတော့လဲ အားနာတာနဲ့ စားလိုက်ရသည်။
ဆိုင်ခန်းက အိမ်အောက်ထပ်နဲ့ တွဲရပ်မို့ ဆိုင်နဲ့ အိမ်ကိုသွားရလာရလွယ်ကူသည်။အခုလည်း ဆိုင်ထဲ ဆိုပေမယ့် အိမ်ထဲဘက်ကို နည်းနည်းရောက်သည့် နေရာတွင် စားပွဲဝိုင်းလေးချထားပြီး နှင်းဆီတို့ ဝိုင်းထိုင်မုန့်လက်ဆောင်းသောက် နေကြတာပင်။
ထိုအချိန် ဆိုင်ရှေ့မှာ အမျိုးသမီးတစ်ယောက်ရဲ့ခေါ်သံကိုကြားရ လေသည်။
"မေတင်! အမကိုကြက်သွန်လေးပေးပါအုန်း"
မမက သောက်လက်စကိုချပြီး ဆိုင်ရှေ့ထွက်သွားလေသည်။
YOU ARE READING
အချစ် မြစ်ဖျား
Romanceမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ