အပိုင်း ၉
နောက်ဆုံးတော့ နှင်းဆီ မရောက်ချင်တဲ့ ရက်ကို ရောက်လို့လာခဲ့သည်။ကိုဝင်းမောင်က မနက် 9နာရီထဲက အိမ်ကိုရောက်နေခဲ့တာပင်။နှင်းဆီပြင်ဆင်တာကို သူက ဧည့်ခန်းကနေ မိန့်မိန့်ကြီး ထိုင်စောင့်နေလေသည်။မသိရင် နှင်းဆီက ထွက်ပြေးမယ့် ထောင်သားလို့ပင်။
နှင်းဆီပြင်ဆင်လို့ပြီးတော့ ထိုလူနဲ့ သူခေါ်သွားတဲ့နေရာကို လိုက်ခဲ့ရသည်။နှင်းဆီကြောက်ရွံ့နေမိပေမယ့် သူက မြို့ထဲက နာမည်ကြီး ဟိုတယ်ကို ခေါ်လာတာမို့ ကြောက်စိတ်က နည်းနည်းသက်သာသွားလေသည်။
"ခိုင် ဒါက အကိုအပိုင်ရမယ့် ဟိုတယ်ဘဲ..ဒါကြောင့် အဖွင့်သဘောနဲ့ လူကြီးတွေကိုပါ ခေါ်ပြီး ပွဲလုပ်မလို့ ပြင်ဆင်လိုက်တာ.."
နှင်းဆီမမေးမိပါ။ထိုလူက တိတ်ဆိတ်မှု့ကိုဖြိုခွင်းပြီး သူပြောချင်တာပြောနေလေသည်။
"ခိုင် သိလား အကိုရဲ့ အလုပ်ကြိုးစားမှုကြောင့် အကို သူဌေးက ဒီဟိုတယ်ကို အကို့ကို ပေးခဲ့တာ..အကိုကလေ ဒီလိုပြီးပြည့်စုံမှုကို တစ်ယောက်ထဲ ဇိမ်မခံချင်ဘူးခိုင်..ဒါကြောင့် ခိုင် ကိုယ်နဲ့အတူတူ ချမ်းသာမှုကို ခံစားကြမလား"
မနားထောင်ပေမယ့် ကြားနေရတဲ့ စကားတွေထဲ သူ့စကားတွေက သွယ်ဝိုက်ပြီး နှင်းဆီကို သိမ်းသွင်းနေတာပင်။
"ဒီမှာ...ကိုဝင်းမောင် နှင်းဆီက အရင်ထဲက ရွှေလင်ဗန်းနဲအချင်းဆေးခဲ့တဲ့သူပါ။ ချမ်းသာမှုက နှင်းဆီအတွက် မက်မောစရာမရှိဘူး..ကိုယ်တိုင်ကသာ အက ကို ဝါသနာပါခဲ့လို့ အငြိမ့်လောကထဲ ဝင်ခဲ့တာ နှင်းဆီသာ ထိုင်စားမယ်ဆို သေတဲ့အထိ စားမကုန်ဘူး...တစ်ချို့လူတွေလိုတော့ မဟုတ်ဘူးပေါ့ရှင်"
"တောက်! မင်းက မာနကြီးနေတာဘဲ ခိုင်..ကိုက မင်းကို စေတနာထားတာကို မင်းက စော်ကားနေတာဘဲ.."
"အို..မစော်ကားရပါဘူး...နှင်းဆီက အမှန်အတိုင်းပြောလိုက်ယုံပါ.."
"တော်ပြီး! မင်းနဲ့ ဒီပွဲပြီးမှဆက်ပြောမယ်.."
လေထုက တဖန်ပြန်ပြီးတိတ်ဆိတ်သွားလေသည်။ဒါပေမယ့် ကောင်းတဲ့ တိတ်ဆိတ်မှုတော့မဟုတ်ပါ။
YOU ARE READING
အချစ် မြစ်ဖျား
Romantizmမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ