အပိုင်း ၇

100 8 1
                                    

အပိုင်း ၇

"မမနှင်းဆီ မေ မမနှင်းဆီ က တာကို ထပ်ကြည့်ချင်သေးတယ်.."

"ဟင်!.."

"ဟိုတစ်ခေါက်က တစ်ခါဘဲ ကြည့်ရတာလေ အဲ့တာကလဲ သူများတွေနဲ့ ကြည့်ရတာ.."

"အယ်..အခုက ဘယ်လိုကြည့်ချင်လို့လဲ.. "

"တစ်ယောက်ထဲ ကြည့်ချင်တာပေါ့..မမနှင်းဆီက မေ့ ချစ်သူလေ..."

"ဟုတ်ပါပြီးရှင်... အမြဲခေါင်းညိတ်ခေါင်းခါဘဲ လုပ်နေတဲ့ ပုတ်သင်ညိုလေးက စကားတွေများနေတာဘဲ.."

အခုက နှင်းဆီတို့ မြိုအပြင်ဘက်က လယ်ကွင်းတွေဘက်ကို စက်ဘီးလေးတွန်းပြီး လမ်းလျောက်နေခြင်းဖြစ်သည်။လေလေးတဖြူးဖြူးနဲ့ ညနေခင်းရဲ့အလှက အရင်ကထက် ပိုပြီး လှပနေသလိုပင်။

လမ်းမှာ လဲ အလုပ်ပြန်တဲ့ လူများနဲ့ လူမပြတ်ပေ။တစ်ချို့ ကောင်လေးတွေဆို ခံ့ထည်ကို လည်ပြန်တောင်ကြည့်သွားကြသည်။တစ်ယောက်စ နှစ်ယောက်စကနေ တစ်ဖွဲ့၂ဖွဲ့ထိ ရှိလာတော့ ‌နှင်းဆီ မနေနိုင်တော့ အဲ့ဒါကြောင့် စက်းဘီးလက်ကိုင် ကို ကိုင်ထားတဲ့ ခံ့ထည်ရဲ့ လက်မောင်းကို တွဲလိုက်သည်။

"ဟင်! ဘာဖြစ်လို့လဲ မမနှင်းဆီ.."

"ဘာမှမဖြစ်ပါဘူး ဒီအတိုင်းဘဲ လက်တွဲခြင်လာလို့....နောက်ပြီး ခံ့ထည်ကို က ပြဖို့ တို့သီချင်းစဉ်းစားမိသွားပြီး.."

"ဟုတ်လား..ပျော်စရာကြီး..ဘယ်နေ့ က ပြမှာလဲဟင်.."

"လာမယ့်အပတ် ပိတ်ရက်ကြရင် အိမ်ကိုလာခဲ့လေ အဲ့ဒီအခါ ကပြမယ်.."

"ဟုတ်ကဲ့..ဟုတ်ကဲ့..."

ပျော်နေပုံက ကလေးငယ်လေးအတိုင်းပင်။

"ခံ့ထည် တို့တစ်ခုမေးမလို့ ခံ့ထည်က တို့ကို ချစ်တာလား တို့ရဲ့အက ကို ချစ်တာလား..."

"မမ...မမနှင်းဆီကို ချစ်တာပါ ဒါပေမဲ့ မမနှင်းဆီရဲ့အက ကိုလဲ မေ ချစ်တယ်။ ဘာလို့ဆို က တဲ့လူက မမနှင်းဆီ ဖြစ်နေလို့လေ..."

"အတတ်ကလေး.."

သာယာလှပတဲ့ အချိန်လေးက မရပ်တန့်နိုင်သလို့ နောက်တစ်ခါလဲ ပြန်ရဖို့မဖြစ်နိုင်ပေ။ကြည့်နူးမှု၊ ဝမ်းသာမှုများနဲ့ ခံစားချက်က ပေါ့ပေါ့ပါးပါး။သူ့လက်ကလေးကို တွဲထားရတာကလဲ တစ်မျိုး နှလုံးသားက အေးချမ်းနေသည်။

အချစ် မြစ်ဖျားWhere stories live. Discover now