အပိုင်း ၆
အငိုတိတ်သွားတော့မှ ကုတင်ပေါ်မှာ ထိုင်ခိုင်းရသည်။နှင်းဆီ အင်္ကျီမှာလဲ မျက်ရည်တွေ ရွဲနေလေသည်။မမြင်သာတဲ့ အရောင် မို့ တော်ပါသေးသည်။
"ဒီမှာ ခနထိုင်အုန်းနော် တို့အပြင်က လူကို သွားရှင်းလိုက်အုန်းမယ်.."
"ဟုတ်ကဲ့.."
စိတ်ချရပြီးမို့ နှင်းဆီ အောက်ထပ်ကို ပြန်ဆင်းလာလေသည်။နှင်းဆီထင်တဲ့အတိုင်း ထိုလူက မပြန်သေးပါ။
"ခိုင် သူက ဘယ်သူများလဲ..အလှလေးဘဲ...."
"နှင်းဆီရဲ့ အသိ ညီမလေးပါ..အခုတော့ ရှင်ပြန်ပါတော့..ရှင့်အတွက်ပေးစရာ အချိန်မရှိတော့ဘူး.."
"အခုတော့ ပြန်မှာပါ နောက်ပိုင်း ခိုင့်ဆီကို လာရမယ့်အကြောင်းတစ်ခုပိုသွားပြီဘဲ..."
ဘယ်လောက်စိတ်တိုဖို့ကောင်းတဲ့ အမျိုးသားလဲ။စကဆုတ်စရာ မျက်ဝန်းတွေက ဖော်ထုတ်ပစ်ခြင်စရာ အတိ။
အဲ့ဒါက နှင်းဆီ အဲ့ဒီကလေးမကို လက်ခံလိုက်ဖို့ ခက်ခဲနေရတဲ့အကြောင်းအရင်းပင်။
နှင်းဆီကျင်လည်ခဲ့တဲ့အသိုင်းအဝိုင်းက အခုလိုရှုပ်ထွေးလှသည်။အဲ့ဒီအသိုင်းအဝိုင်းထဲ နူးညံ့လွန်းတဲ့ ခံ့ထည်ကိုညနှင်းဆီ ဆွဲမသွင်းရက်ဘူး။သူ့ဟာသူ အေးချမ်းနေတာလေးကို အခုတော့ နှင်းဆီကြောင့် မျက်ရည်ကျနေရပြီး။
ရင်မောရပါသည်။ဒီကလေးကို ဘယ်လို လုပ်ရပါမလဲ။
~~~~~
မမနှင်းဆီကို မတွေ့ရတဲ့ နှစ်ပတ်အတွင်း မေ့ကမ္ဘာက ပိုပြီးတိတ်ဆိတ်ခြောက်သွေ့ခဲ့ရသည်။မေအကြိုက်ဆုံး ပန်းတွေကတောင် မေ့စိတ်ကို မပျော်ရွင်စေနိုင်ခဲ့ဘူး...။နေ့နေ့ညည မမနှင်းဆီကိုသာတွေ့ချင်နေခဲ့တယ်...မမနှင်းဆီရဲ့အပြုံးတွေကသာ မျက်စိထဲ ဝဲလည်နေသည်။
နောက်ဆုံး မျက်နှာလေးတွေ့ရဖို့ အရဲစွန့်ပြီး မမနှင်းဆီအိမ်ကိုလာခဲ့မိသည်။တွေ့ရမှ မေအဆင်ပြေနိုင်မယ် ထင်ပါသည်။
ထို့နောက် အိမ် ဝင်ဝကို စ ရောက်ကတည်းက ဧည့်ခန်းက ဆိုဖာမှာ ထိုင်နေတဲ့ မမနှင်းဆီကိုသာ လှမ်းမြင်မိသည်။အရမ်းတွေ့ချင်နေတဲ့ မျက်နှာလေးမို့ ပတ်ဝန်းကျင်ကို မေဂရုမထားမိပါ။မေ့အဖြစ်က ဥမ္မာဒန္တီကို စွဲလမ်းမိတဲ့ သိဝိမင်းလို ဖြစ်နေခဲ့တာပင်။မေ ရူးနေခဲ့ပြီး။
YOU ARE READING
အချစ် မြစ်ဖျား
Romansaမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ