အပိုင်း ၂
"တို့နာမည်က ခိုင်မာလာနှင်းဆီ.. နည်းနည်းတော့ရှည်တယ်.."
"လှတယ်..."
"တို့သိပါတယ်..တို့နာမည်က ရှည်ပေမယ့် လှတယ် တို့လဲ ကြိုက်တယ်"
"လူက ပိုလှပါတယ်.."
"ကျေးဇူးတင်ပါတယ်ရှင်...အခုတော့ တက်တော့ ပြီးရင် လမ်းပြပေး..."
"ဟုတ်..ဟုတ်ကဲ့..."
နည်းနည်းလေး နှင်းဆီအမေးကို ပြန်ဖြေလာသည်။ဒါမှလဲ စကားပြောလို့အဆင်ပြေမယ်မဟုတ်လား။မဟုတ်ရင် နှင်းဆီတစ်ယောက်ထဲ စကားပြောနေသလို သူက ခါင်းညိတ် ခေါင်းခါဘဲ လုပ်နေသည်လေ။
စက်ဘီးမနင်းရတာ ကြာမှ ပြန်နင်းရတော့ ခံစားချက်က လန်းဆန်းနေလေသည်။အနောက်ကကလေးမကို တင်နင်းရ ပေမယ့် ပေါ့လွန်းလို့ ပါလာမှန်းတောင်မသိရပေ။နှင်းဆီကိုလဲ မထိပါ။တစ်နေရောက်တော့ ခဲကို တက်ကြိတ်မိပြီး စက်ဘီးက ခုန်သွားတော့မှာ နှင်းဆီခါးပေါ် သူလက်ကလေးရောက်လာလေသည်။ပြီးတော့ ချက်ခြင်း ပြန်ရုတ်သွားသည်။
သူက သူများနဲ့အသားချင်းထိရတာကို မကြိုက်တဲ့ လူများလား။မိန်းကလေးအချင်းချင်းမို့ ထိတာကိုင်တာက ပြသနာမှမဟုတ်ဘဲ။ဇီဇာကြောင်လေးထင်ပါတယ်။
"ဟို..ဟိုနားက ဆိုင်ဆို ရောက်ပါပြီး.."
သူပြတဲ့နေရာကို နှင်းဆီကြည့်မိတော့ ခြေတံရှည်ပျဉ်ထောင်အိမ်ကလေးကိုမှ အရှေ့မှာ အဖီဆွဲပြီး ဈေးဆိုင်လေးဖွင့်ထားလေသည်။
ဆိုင်ရှေ့ရောက်တော့ နှင်းဆီ စက်ဘီးရပ်လိုက်သည်။သူလည်းဆင်းလေသည်။ထို့နောက်ဆိုင်ထဲက အမျိုးသမီး တစ်ယောက် ထွက်လာလေသည်။
"သမီးရယ် ကြာလိုက်တာ ဘာများဖြစ်လို့လဲ..."
"ဟို ဟို စက်ဘီးမှောက်လို့ .."
"ဘယ်လိုဖြစ်တာတုန်းကွယ် အမြဲသတိနဲ့စီးတဲ့လူက.."
"နှင်းဆီ့ ကလေးကြောင့်ပါ မမ ."
"အယ် ကလေးရော ထိခိုက်မိသွားသေးလားညီမ ဆေးခန်းတွေပါတွေရော ပြဖို့လိုလားဟင်.."
YOU ARE READING
အချစ် မြစ်ဖျား
Romanceမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ