အပိုင်း ၄

66 11 1
                                    

အပိုင်း ၄

တစ်ပတ်ခန့်ကြာပြီးနောက်

စက်ဘီးလာပြန်ပို့ပြီး တစ်ပတ်အတွင်း မေတို့မတွေ့ဖြစ်ကြပါ။မမနှင်းဆီလဲ မရောက်လာသလို မေလည်း မသွားဖြစ်ပါ။မေက အပြင်သွားစရာအကြောင်းမရှိတာကြောင့်လဲပါသည်။အငြိမ့်ခွေလေး လိုချင်တယ် ပြောတုန်းက မမနှင်းဆီက ပေးမယ်ဆိုလို့ မေပျော်ခဲ့ရသည်။

ဒါပေမဲ့ အခုတော့ လူပါ ပျောက်သွားတော့သည်။မေ မမနှင်းဆီကို တွေ့ချင်ပါသည်။နေ့တိုင်း အဲ့ဒီအကြောင်းကို သာတွေးရင်း တစ်ပတ်ဆိုတဲ့အချိန်ကုန်သွားခဲ့သည်။မေမေကတောင် မေးရတဲ့အထိပင်။

"သမီးငယ် နေမကောင်းဘူးလား ကြည့်ရတာ မလန်းဘူး.."

"ကောင်းပါတယ်မေမေ..မေ ဘာမှမဖြစ်ပါဘူး.."

"အေအေ ဖြစ်ရင်လဲ ဆေးလေးဘာလေးကြိုသောက်နော်.."

"ဟုတ်ကဲ့ပါ.."

ထိုအချိန် မေ တို့ဆိုင်ရှေ့ ကားတစ်စီးလာရပ်လေသည်။မေတို့ရပ်ကွက်က လူလတ်တန်းစားတွေမို့ ဘယ်သူမှ ကားမရှိပါ။ဒါကြောင့် သားအမိနှစ်ယောက်သား ဈေးဝယ်များလားဆိုပြီး ထိုကားဆီ အကြည့်ရောက်သွားသည်။

ဒါပေမဲ့ ကားပေါ်က ဆင်းလာတဲ့သူက မမနှင်းဆီဖြစ်နေခဲ့သည်။

"မမနှင်းဆီ.."

မေ သတိမထားလိုက်မိဘဲ ထိုနာမည်က မေနှုတ်ကထွက်သလို ‌‌ မေ့ မျက်နှာကလဲ ပြုံးနေမိသည်။

"မမနဲ့ ခံ့ထည် နေကောင်းကြလားဟင် နှင်းဆီ အလုပ်နည်းနည်းရှုပ်သွားလို့ မလာဖြစ်တာပါ..."

"မမကနေကောင်းပါတယ် ကွယ် ဒီကလေးမဘဲ မျက်နှာမကောင်းလို့ ဆေးသောက်ဖို့ပြောနေတာ..အခုတော့ မလိုတော့ဘူးထင်ပါတယ်.."

"ဘာဖြစ်လို့လဲ မမ ..ခံ့ထည် နေမကောင်းလို့လား..ဟင်"

"ကြည့်ရတာတော့ ညီမ သူ့ဆီမလာလိုထင်ပါတယ် အခုသူ့မျက်နှာကိုကြည့်လေ ပြုံးရယ်နေတာ သူမဟုတ်တဲ့အတိုင်းဘဲ.."

မမပြောတာလဲ မှန်ပါသည်။ကားစရပ်ထဲက နှင်းဆီကြည့်မိ‌တာ သူ့မျက်နှာလေးက ငိုမဲ့မဲ့ကလေး နှင်းဆီကိုလဲ မြင်ရော ချက်ခြင်း ပြုံးပြလာလေသည်။အဲ့ဒါကြောင့် နေမကောင်းဘူးပြောတော့ နှင်းဆီလန့်သွားတာပင်။

အချစ် မြစ်ဖျားWhere stories live. Discover now