အပိုင်း ၁၀
ခိုင် အကိုက ကတိ တည်ပါတယ်။ ဒါပေမဲ့ ခိုင့်ကိုတော့ မပျော်ရွှင်စေချင်ဘူး။ခိုင် က အကို့ကို နှိမ်တယ် အကို့စေတနာကို စော်ကားခဲ့တယ်လေ။အဲ့ဒီအတွက် ဒါက အကိုပြန်ယူတဲ့ အလျော်ဘဲ။
အရှေ့မှာ ခပ်သွက်သွက် လှမ်းနေတဲ့ ကလေးမရဲ့ နောက်ကျောကို သေနတ် နဲ့ချိန်လိုက်သည်။ကျောဘက်က ဖြစ်တာမို့ ဘယ်လိုပစ်ပစ်ထိမှာမလွဲပေ။
ဒါပေမဲ့ ကျဉ်သံရဲ့အဆုံးမှာတော့ ထိတဲ့လူက ပြောင်းသွားခဲ့သည်။
........
မေ မမနှင်းဆီ ဆီကို ခပ်သွက်သွက်လျောက်နေတုန်း အနားရောက်ပြီးမှ သေနတ်သံကြားလိုက်ရသည်။ရုတ်တရက်မို့ လန့်ပြီး မျက်စိကို မှိတ်လိုက်မိသည်။
မျက်စိကိုပြန်ဖွင့်မိတော့ သေနတ် ချိန်ထားတဲ့ ဝင်းမောင်ဆိုတဲ့လူကြီးရယ် ၊ပြီးတော့ မေ့ကိုတင်းတင်းကြပ်ကြပ် ဖက်ထားတဲ့ မမနှင်းဆီရယ်။
မေက မေက ဘယ်လိုလုပ်ပြီး အဲ့ဒီလူကို ပြန်မြင်နေရတာလဲ။မဟုတ်မှလွဲရော အဲ့ဒါက မေ့ကို ပစ်ဖို့ရည်ရွယ်ခဲ့တာလား။မေ့ ခန္ဓာကိုယ်က ဘယ်နေရာမှ မနာဘူးဆိုတော့....ဟင်!....မမနှင်းဆီ..။
.......
နှင်းဆီ ဆီကို မပြေးရုံတမယ် လှမ်းလာနေတဲ့ ကလေးကို နှင်းဆီ ပြေးပြီး ပွေ့ဖက်ဖို့ ကြိုးစားမိသည်။ဘာမှမသိဘဲ အဖမ်းခံရတာမို့ သူ လေး ကြောက်နေရှာမည်။
ဒါပေမဲ့ သူ့နောက်ကျောက ဝင်းမောင်ဆိုတဲ့လူရဲ့ လက်ကို နှင်းဆီ လှမ်းမြင်လိုက်တာမို့ ခြေလှမ်းကို ပိုမြန်လိုက်သည်။ ခံထည်ရဲ့ အနားကို ရောက်တော့ ခံ့ထည်ကို ပွေ့ဖက်ပြီး ဆွဲလှည့်လိုက်သည်။
အာ့!!
နာကျဉ်ပါ၏။နာကျဉ်မှုက အသည်းခိုက်မတတ်ပင်။နာကျဉ်လွန်းလို့ အသိစိတ်ပင် လွတ်ချင်လောက်အောင်ဖြစ်ရသည်။
"ခံ့ထည် ..ဘယ်နားထိသွားသေးလဲဟင်"
"မေ ဘာမှမဖြစ်ဘူး မမနှင်းဆီ။ မမနှင်းဆီရော မမနှင်းဆီရော ဘယ်နား နာသွာလဲဟင် မေ့..ကို... မေ့ကိုပြောပါအုန်း.."
YOU ARE READING
အချစ် မြစ်ဖျား
Romanceမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ