အပိုင်း ၁

399 27 2
                                    

အပိုင်း ၁ 

မေခံ့ထည်

အသက် ၂၅နှစ် စီးပွားရေးနဲ့ဘွဲ့ရပြီး ရပ်ကွက်ထဲက ကလေးတွေကို စာပြနေတဲ့ ကျူရှင်ဆရာမ လေးတစ်ယောက်..

အားတဲ့အချိန်ဆိုရင် အမေ့ရဲ့ ‌ကုန်စုံဆိုင်လေးမှာ ဈေးကူရောင်းပေးလေ့ရှိသူ..ပန်းကြိုက်သူဖြစ်ပြီး..အမြဲခေါင်းမှ ပန်းပန်ထားတတ်သူ...

သူမက အသားညိုညို ပိန်ပိန်ပါးပါး ဒါပေမဲ့ ခန္ဓာကိုယ်က မိန်းကလေးဆိုတဲ့အတိုင်း သူ့နေရာနဲ့သူ တင့်တင့်တယ်တယ်။ခါးလယ်‌ လောက်နီးနီး ဆံပင်ရှည်ရှည်၊မျက်ဝန်းညိုများနဲ့ ပန်းနုရောင်နှုတ်ခမ်းပါးက မြင်သူတိုင်းကို စွဲမက်စေသည့် အထိ လှပလွန်းသည်။နောက်ပြီး သူမက အကြည့်ခံသည် တစ်ချို့အလှတွေက ကြည့်ပါများရင် မလှတော့ဘူးလို့ ထင်ရတယ်လေ သူမကတော့ ကြည့်လေ လှလေပင်။

ဒါကြောင့်လဲ သူမဆိုင်ထိုင်ချိန်ဆို ဆိုင်က လူစည်နေတတ်သည်။ဒါပေမဲ့ သူမကတော့ ပုံမှန်အတိုင်း ခပ်အေးအေးသာနေသည်။

လူတိုင်းကတော့ အကုန်မပြည့်စုံနိုင်သလို သူမကလည်း အဲ့လိုပင်။သူမက စကားနည်းသူ အဲ့ဒါကြောင့်ဘဲ ပေါင်းသင်းဆက်ဆံရေးမှာလဲ ညံ့ပါသည်။သူမ မိသားစုနဲ့ သူမစာသင်တဲ့ကလေးတွေလောက်သာ သူမ စကားပြောလေ့ရှိသည်။ဒါကတော့ သူမရဲ့ အားနည်းချက်ပင်။

ထိုသူမက လာကြိုက်သမျှ အမျိုးသားတိုင်းကို ငြင်းပြီး အမှတ်မထင်တွေ့တဲ့ အမျိုးသမီးကို စွဲလမ်းမိသွားတဲ့အခါ....

ညနေခင်း  ခြံထဲမှာ မေ ဇီဇဝါပန်း ခူးနေတုန်း..

"သမီး မေမေ့ကို အေးမော်စက်ဆိုင် ခနသွားပေး မေမေ့ အင်္ကျီ ချုပ်ထားတာ ရပြီးတဲ့ လာယူခိုင်းနေလို့.."

"ဟုတ်ကဲ့ မေမေ.."

"ဆိုင်က ပိုက်ဆံယူသွားနော်..ဘယ်လောက်ကျလဲ မသိတာမို့ ပိုပိုလိုလို ယူသွား."

"ဟုတ်ကဲ့..."

အမေ့စကားအတိုင်း ဆိုင်က ပိုက်ဆံတစ်သောင်းယူကာ မေ ဒေါ်အေးမော်စက်ဆိုင်ဆီကို စီးနေကြစက်ဘီးလေးနဲ့ ထွက်လာခဲ့သည်။

ဆံပင်က အမြဲစီးထားတတ်ပေမယ့် ‌ဒီနေ့တော့ ခေါင်းလျော်ထားခါစမို့ မစီးလာမိ စက်ဘီးကို စနင်းလိုက်တာနဲ့ လေတွေက နားကနေတစ်ဆင့် ဆံပင်တွေဆီကို  ထိတွေ့ဝင်ရောက်ပြီး လေထဲ လွင့်နေလေသည်။နားကြားထဲ ပန်ထားတဲ့ ဇီဇဝါပန်း လေးကလဲ လေထုကို အန်တုပြီး ကပ်တွယ်နေလေသည်။ဝတ်နေကြ အပွင့်အခက်လေးတွေပါတဲ့ချည်သားအင်္ကျီ အညိုနဲ့ ပိတောင်ခြောက်ရောင် လုံချည်ပြောင်ကို ဝတ်ထားတာမို့ မေ့ ပုံစံက အဖွားကြီး ပေါက်စလေးလို ဖြစ်နေပါလိမ့်မည်။ဒါပေမဲ့ မေ က အဲ့လိုဝတ်ရတာကို ကြိုက်သူပင်။

အချစ် မြစ်ဖျားWhere stories live. Discover now