အပိုင်း ၁၂

1.1K 69 4
                                    

အပိုင်း ၁၂

"လက် တို့ကို ပြပါ..ဆေးထည့်ပေးမလို့.."

အန်တီတောင်းတော့ ရို့စ်လဲ နှင်းဆီဆူး ရှထားတဲ့ လက်ကလေးကို အန်တီ့ရှေ့ထုတ်ပေးမိသည်။

"သိပ်မထိသွားလို့ တော်သေးတယ်..တို့မယ် လန့်သွားတာဘဲ.."

" ရို့စ် အမှားပါ အန်တီဆီက ခွင့်ပြုချက်မရသေးတာကို အတင်းယူမိလိုက်လို့ပါ ရို့စ်တောင်းပန်ပါတယ်.."

"ထားပါတော့ ဆေးထည့်ပေးလိုက်ပြီးပြီမို့ ကောင်းသွားမှာပါ..."

"ဒါနဲ့ ကလေးမ သွားစရာရှိသေးတယ်မဟုတ်ဘူးလား.."

"ရှင်!..အာ့ အဲ့ဒါက မသွားလဲ ရပါတယ် သူတို့က အတင်းခေါ်လို့သာ.."

"ဒါနဲ့ ကလေးမ အသက်ဘယ်လောက်ရှိပြီးမို့ barသွားဖို့ပြောနေတာလဲ.."

"ရို့စ်ကအသက် ၂၀ထဲ ဝင်ပါပြီး အန်တီ။ ပြီးတော့ ရို့စ် ဒီကို ရှေ့တစ်ပတ်ကမှ ပြန်ရောက်တာ အဲ့တာကြောင့် သူငယ်ချင်းအသစ်တွေ နဲ့ မိတ်ဖွဲ့မလို့ပါ..."

တခြားလူသာ ဒီလိုမေးခွန်း မေးမယ်ဆိုရင် ရို့စ် ထိုလူရှေ့ကနေ ချက်ခြင်း လည့်ပြန်ခဲ့မှာပါ။ဒါပေမဲ့ ရို့ရှေ့က ညိုချောအန်တီ လှလှ မေးတော့လဲ ရို့စ်မှာ စုံစိအောင် ဖြေမိနေသည်။

"အခုခေတ် ကလေးမတို့အရွယ်တွေက အဲ့လိုဘဲ မိတ်ဖွဲ့ကြတာလား..."

"ရို့စ်လဲ မသိဘူးလေ..ရိုစ်က အခုမှဒီကိုရောက်တာဆိုတော့ ..သိချင်တာနဲ့ လိုက်သွားမလို့ပါ...။ ဒါနဲ့ အန်တီ ဘာလို့ ရို့စ်ကို နာမည်မခေါ်တာလဲဟင်.."

"တို့  ဘယ်လိုခေါ်ရမလဲ မသိလို့.."

"အဲ..ရို့စ် လို့ခေါ်လဲ ရသလို နှင်းဆီလို့ ခေါ်လဲရတယ်လေ။ ရို့ကတော့ အန်တီ့ဆီက နှင်းဆီ လို့ ခေါ်တဲ့အသံလေး ကြားချင်တယ်..."

ကားရှေ့ကိုကြည့်နေတဲ့ မျက်ဝန်းတစ်စုံက ချက်ခြင်း ရို့စ်ကို လှည်ကြည့်လာလေသည်။အား..အန်တီက ရိုစ်ကို ပြုစားနေတာဘဲ။လှလိုက်တဲ့မျက်ဝန်းတွေ ဝမ်းနည်းရိပ်ကလေးတွေ ဖြတ်ပြေးနေတာက ရို့ကြောင့်လား။

အချစ် မြစ်ဖျားWhere stories live. Discover now