အပိုင်း၈
ဘာလိုလိုနဲ့ ပိတ်ရက်ကို ရောက်လို့လာသည်။မေရင်ခုန်နေမိသည်။တစ်ပတ်လုံးလဲ ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေခဲ့သည်။
အခုလည်း မမနှင်းဆီ အိမ်သွားဖို့ ဝတ်နေကြဝမ်းဆက်ကို မဝတ်ဘဲ ကိုယ်တိဂါဝန်လေးဝတ်ပြီး အပေါ်ကနေ လက်ရှည်အပါးလေးတစ်ထည် ထပ်ဝတ်လိုက်သည်။
တစ်ထည်တည်း ဝတ်သွားရင် မမနှင်းဆီ ဆူလိမ့်မည်။ ထို့နောက်တော့ မေမေ့ကို ပြောကာ စက်ဘီးလေးတွန်းပြီး အိမ်ထဲက ထွက်လာလေသည်။
စိတ်လောနေလို့လား မပြောတတ် မမနျင်းဆီတို့အိမ်ကို ခနလေးနဲ့ ရောက်လာလေသည်။ဒီနေ့တော့ မမနှင်းဆီရဲ့ မောင်ဆိုတဲ့သူက အိမ်မှာ ရှိနေလေသည်။ဒါပေမယ့် မေကိုတော့ ပြုံးသာပြုံးပြသည်။
မေကတော့ ခေါင်းညိတ်နှုတ်ဆက်ရုံသာ။
ပြီးတော့ လှေကားက ဆင်းလာတဲ့ မေ့ချစ်သူကို တွေ့ရလေသည်။
"ခံ့ထည် ရောက်ပြီးလား.."
"ဟုတ်ကဲ့.."
"လာလေ တို့အခန်းထဲ သွားရအောင်"
မေ့ တုံ့ဆိုင်းမနေဘဲ မမနှင်းဆီနားကို သွားလိုက်သည်။မမနှင်းဆီက သူ့အနားရောက်လာတဲ့ မေ့လက်ကို ဆုပ်ကိုင်ပြီး သူ့အခန်းရှိရာကို ခေါ်သွားလေသည်။
အခန်းတံခါးဖွင်းလိုက်တော့ မမနှင်းဆီရဲ့ ကိုယ်သင်းနံ့တွေက သင်းပျံ့နေလေသည်။ဒီအခန်းက မေ့အရင်တစ်ခါ ရောက်ဖူးကထဲက အတိုင်းပင်။မေ လိုက်ကြည့်နေတုန်း မမနှင်းဆီက မေ့ကိုထိုင်ခိုင်းလေသည်။
"ခံ့ထည် ဘာစားခဲ့ပြီးပြီလဲ.."
"မေ ထမင်းစားခဲ့ပြီးပြီ မမနှင်းဆီ.."
"ဟုတ်လား ကွယ်..အဲ့ဒါဆိုတော့ အချိုရည်ဘဲ သောက်မလား .."
"ရပါတယ် မလုပ်ပါနဲ့ မေ ရေဘဲသောက်ပါ့မယ်.."
.."အသီးတွေလဲ ရှိတယ် ခံ့ထည့်က ဘာသီးကြိုက်လဲဟင်..."
"မေ့က ဩဇာသီးကြိုက်တယ် မမနှင်းဆီ။ နောက်ပြီး စပျစ်သီးလဲကြိုက်တယ်.."
"ဟုတ်ပြီး ဩဇာသီးတော့မရှိပေမဲ့ စပျစ်သီးတော့ရှိတယ် ခနစောင့်နော်.."
YOU ARE READING
အချစ် မြစ်ဖျား
عاطفيةမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ