အပိုင်း ၁၁
"မမနှင်းဆီ မေ ရောက်ပြီးနော်..."
လက်ထဲ ကိုင်လာတဲ့ နှင်းဆီပန်းစည်းလေးကို အဖြူရောင် အုတ်ဂူလေးရှေ့ချပြီး။မေရောက်ကြောင်း အသိပေးမိသည်။
"ဒီနှစ်တော့ ကို့ခန့်မင်းလိုက်ပို့တယ် မမနှင်းဆီ...အခုတော့ သူ့ သူငယ်ချင်းရဲ့သမီး နိုင်ငံခြားက ပြန်လာမယ်ဆိုလို့ သွားကြိုပေးနေတယ်.......။ဒါနဲ့ ...မမနှင်းဆီ အဆင်ပြေရဲ့လားဟင်..အချိန်တွေ ကြာခဲ့ပြီးမို့ အဆင်ပြေမယ်လို့ မေ ထင်ပါတယ်။မေ လည်း အဆင်ပြေပါတယ် မမနှင်းဆီ။ ပြေအောင်လဲ နေ နေပါတယ်။
မေလေ မမနှင်းဆီကို သိပ်လွမ်းတယ်။မလွမ်းတဲ့နေ့ဆိုတာက မရှိသလောက်ဘဲ။အခုတလောဆို အဲ့ဒီနေ့က အဖြစ်အပျက်က အိမ်မက်တွေထဲ ခနခနရောက်တယ်။အဲ့ဒီအိမ်မက် မက်တိုင်းလဲ မေ့မှာ အသက်ရှုမဝအောင် ငိုရတယ်။မေလေ ဒီအသက်အရွယ်ရောက်နေပေမယ့် အခုထိ မရင့်ကျက်သေးဘူး မမနှင်းဆီရယ်..."
"မေ အခုထိ မမနှင်းဆီရဲ့ မထုံတတ်တေးလေး ဖြစ်နေတုန်းဘဲ...မေ အခုထိ...မမ နှင်းဆီ ကို လွမ်းနေတုန်းဘဲ.."
ပြောရင် မျက်ရည်က ကျလာပြန်သည်။မေ လေ မမနှင်းဆီအကြောင်းတွေးမိရင် အလိုလိုမျက်ရည်က ကျလာသည်။မငိုဖို့ ဘယ်လိုဘဲ မေထိန်းထားပါစေ နောက်ဆုံးတော့ မေလက်လျှော့ရတာပါဘဲ။မမနှင်းဆီနဲ့ ပက်သတ်တာ မှန်သမျှ မေ အားနည်းနေတုန်းဘဲ မမနှင်းဆီ။
မျက်မှန် ကိုအသာချွတ်ပြီး မျက်ရည် တစ်ချို့ကို သုတ်မိသည်။ဒီနှစ်လဲ အရင် နှစ်တွေကလို မေ့ရင်ထဲ မမနှင်းဆီ ဆက်ပြီးရှင်သန်နေအုန်းမည်။
ဘဝတစ်ခုကို ခိုင်မာအောင် တည်ဆောက်ပြီး ပျော်ရွှင်အောင် နေနေပါတယ်။မမနှင်းဆီ သိတဲ့အတိုင်း မေ က ကလေးတွေကို ချစ်တတ်တဲ့သူမို့ ကလေးတွေအတွက် ဖောင်ဒေးရှင်း တစ်ခုနဲ့ ပုဂ္ဂိလိကကျောင်းတစ်ခုဖွင့်ထားတယ် မမနှင်းဆီ။
မမနှင်းဆီ ထွက်သွားခဲ့တာ မေ့ စိတ်ထဲ မနေ့တစ်နေ့ကလို ဆိုပေမယ့် တကယ့်တကယ်ဆို နှစ် ၂၀ ကျော်တောင် ကြာသွားခဲ့ပြီး။မေ တောင် ၄၆နှစ်ဆိုတဲ့ အရွယ်ကို ရောက်ခဲ့ပြီး ဖြစ်သည်။
YOU ARE READING
အချစ် မြစ်ဖျား
Romanceမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ