အပိုင်း ၃
ကိုဝင်းမောင်ရဲ့ စကားတွေကြောင့် အတိတ်က ပျော်စရာတစ်ချို့နဲ့ လက်လက်ဆက်ဆက် နာကျင်စရာ တစ်ချိုက အတွေးထဲ ဝင်လာပြန်သည်။အခုဆို နှင်းဆီရဲ့ ခန္ဓာကိုယ်က နှင်းဆီသိပ်ချစ်တဲ့ ကကွက်တစ်ချို့ ဖန်တီးဖို့ကိုပင် ပင်ပန်းလှသည်။
ဟူး...
နောက်တစ်ကြိမ် သက်ပြင်းချမိသည်။ဘဝကလဲ ကိုယ်လိုချင်တဲ့အတိုင်း ဘာတစ်ခုမှမဖြစ်ဘဲ သူဖြစ်ချင်တဲ့အတိုင်းသာဖြစ်နေလေသည်။စိတ်ပျက်စရာ။
စိတ်ညစ်နေတုန်း ရုတ်တရက် ဟို မထုံတတ်တေးမျက်နှာလေးက အတွေးထဲ ဝင်လာလေသည်။
သူ့လို နေရင် စိတ်သက်သာရာရမယ်ထင်တယ်။သူကဘာမှလဲ မပြောသလို သူ့စိတ်ထဲ ဘာရှိမှန်းလဲ မသိနိုင်ဘူး..အေးချမ်းတယ်။နောက်ပြီး ပန်းတွေကိုတော့ တော်တော်ချစ်ပုံရတယ် ကျသွားတဲ့ ပန်းကိုတောင် လာပြန်ရှာပြီး ပြန်ပန်တာဆိုတော့။သူ့ကိုမြင်လိုက်ရတာ ဘာလို့မှန်းမသိပေမယ့် ရင်ထဲ အေးသွားသလိုခံစားရသည်။
မထုံတတ်တေး လေးဆိုပေမယ့် အဲ့ဒီကလေးမက မိန်းမချောလေးပေ။ပြောရရင် သူမက ညိုချော..ဘာလို့ဆို မျက်ဝန်းတွေကအစ အညိုရောင်၊ နှာတံစင်းစင်းနဲ့ ပန်းနုရောင်နှုတ်ခမ်း၊ခါးလယ်လောက်ထိရှည်တဲ့ ဖြောင့်စင်းတဲ့ ဆံပင်ရှည်တွေ အပြင် ခပ်အေးအေးသူမရဲ့အသံ ပါပေါင်းစပ်လိုက်တော့ သူမရဲ့အလှကပြည့်စုံသွားသည်။
သူ့အကြောင်းတွေးမိတော့ ခနက စိတ်ညစ်နေတာကို မေ့ပြီး စိတ်အေးလက်အေးနဲ့ အိပ်ပျော်သွားတော့သည်။အဲ့လိုလဲ စိတ်သက်သာရာရစေတဲ့ မထုံတတ်တေးလေးပင်။
~~~~~
မနက်ကထဲ က မေ စိတ်ပျော်နေလေသည် ဘာလိုဆို ညက အိမ်မက်ထဲမှာ မနှင်းဆီကို တွေ့လိုက်ရလို့ပင်။မေ့ကို ပြုံးရယ်ပြနေပြီး မေ့အနားကို လျောက်လှမ်းလာနေခဲ့သည်။ထိုအမျိုးသမီးရဲ့အပြုံးကို အပြင်မှာ မေ မမြင်ဖူးပါ ဒါပေမဲ့ အိမ်မက်ထဲ ဘယ်လို ပုံဖော်လိုက်မိလဲ မသိ။အိမ်မက်ထဲမှာတော့ အဝါရောင်နှင်းဆီပွင့် လေးလို လှလှပပ ပြုံးရယ်နေလေသည်။
YOU ARE READING
အချစ် မြစ်ဖျား
Storie d'amoreမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ