အပိုင်း(၁၂)
ကျွန်တော့်နံနက်ခင်းလေးများ
"ဒုန်း""အ"
အစ်ကိုယူရီတစ်ယောက် အပြင်ကယောက်ျား၏ တံခါးကို
ရည်ရွယ်ချက်ရှိရှိနှင့် ဆောင့်တွန်းတာကို ခံလိုက်ရသောကြောင့် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားလေသည်။နှာခေါင်းကိုလည်း တံခါးရွက်နှင့် ခိုက်မိသွားပုံရသည် လက်နှင့်အုပ်ကာ ညည်းညူနေလေသည်။
"အား ကျွတ် ကျွတ် ကျွတ်"
"မင်း ငါ့ကို ဘာအချိုး ချိုးတာလဲ ယူရီ"
မဖြစ်တော့ဘူး ဟိုယောက်ျားက အခန်းထဲကို ဝင်ရောက်လာပြီ ကျွန်တော် ဖြေရှင်းမှ ဖြစ်တော့မည်ဟု တွေးကာ အခန်းထောင့်ထဲမှ ထွက်လိုက်သည်။
"ခင်ဗျား ထွက်သွားသင့်ပြီ။ဒီမှာ ခင်ဗျား အတွက် နေရာမရှိဘူး"
"ဘာကွ
မင်းက ဘယ်ကကောင်လဲ
ထွက်သွားသင့်တာ မင်းပဲကွ။
သူများ အတွဲကြားထဲမှာ ဖျာခင်းချင်နေတဲ့ကောင်""ငါ အိုကူနဲ့ပဲ နေတော့မှာ"
"ယူရီ"
ထိုယောက်ျားက ဒေါသထွက်ပြီး အစ်ကိုယူရီ၏ အင်္ကျီလည်ပင်းကို လှမ်းဆွဲသည်။
"မင်း ငါ့ကို သတ်လိုက်ရင်လဲ ငါ့အဖြေက မပြောင်းလဲဘူး။
ငါ အိုကူနဲ့ တွဲနေပြီ။
ရှေ့လျှောက် ငါ အိုကူနဲ့ပဲ ဘဝကို ဖြတ်သန်းသွားတော့မှာ"ဒေါသထွက်နေသည့် ထိုယောက်ျားက ချက်ချင်း မျက်ရည်ကျလာလေသည်။
"မင်း တစ်ကယ်ပဲ ဆုံးဖြတ်ပြီးပြီပေါ့။ဒါဆိုလည်း ငါသွားပြီ"
မျက်နှာပျက်ပြီး မျက်ရည်တွေ နှင့် ထိုယောက်ျားက အခန်းထဲမှ ထွက်ပြေးသွားလေသည်။
"ပြပါအုံး အစ်ကိုယူရီ နှာခေါင်းက ရရဲ့လား"
"အား ကျိုးတော့ မကျိုးဘူး ထင်ပါရဲ့ နည်းနည်းတော့ နာနေတယ်"
"လာ ကျွန်တော် လုပ်ပေးမယ်"
နှာခေါင်းနေရာလေးကို ကြပ်ထုပ်ထိုးပေးလိုက်လေသည်။
စိတ်ထဲမှာ အစ်ကိုယူရီကို ကျွန်တော်နှင့် အတူတူ လိုက်နေဖို့ ပြောချင်နေသေးသည်။
![](https://img.wattpad.com/cover/381691622-288-k209770.jpg)
YOU ARE READING
ကျွန်တော့်နံနက်ခင်းလေးများ
Randomစာအုပ်ဆိုင်မှာ တွေ့ခဲ့ရသည့် အစ်ကိုကြီးကို ကိုယ့်အပိုင်ဖြစ်အောင် ကြံစည်းနည်းများ