Busပေါ်တက်ပြီးနောက်ဆုံးခုံမှာထိုင်လိုက်သည်။
အေးငြိမ်းကသူ့ဘေးမှာလာထိုင်သည်။"နင် ဘာလိုက်လုပ်တာလဲ"
အေးငြိမ်း
"ဟမ် ငါလား အိမ်ပြန်ဖို့ပေါ့.. နင့်ကိုခုနကပြောတယ်လေ ငါဘယ်မှာနေတာလဲဆိုတာ.. မှတ်မိလား"
"......"
နှုတ်ဆိတ်နေသော နေရာ့ကိုကြည့်ပြီး
"ဟင်းး ထင်သားပဲ နင်ဘယ်မှာနေတာလဲ"
' ဒုက္ခပဲ ' ဘယ်လိုပြောရမှန်းအကြံထုတ်နေသည်။
" ရပါတယ် မပြောချင်ရင်လည်းမပြောပါနဲ့
ငါ့ကံကိုကဒီလိုပဲထင်ပါရဲ့..
ဘာလို့ငါကအမြဲတမ်းအပယ်ခံဖြစ်နေတာလဲ
ငယ်သူငယ်ချင်းတွေတောင်
ငါ့ကိုမသိချင်ယောင်ဆောင်နေကြတယ်...
ငါ့ကိုကြည့်စမ်းပါ.. နေရာ
ငါ ဘာမှားနေလို့လဲ..
အရမ်းရုပ်ဆိုးနေလို့လား..."ပြောရင်း မျက်ရည်ဝဲပြီး ငိုတော့မလိုဖြစ်နေသောအေးငြိမ်းကြောင့်ဘာလုပ်ရမှန်းမသိဖြစ်နေသည်။
ဘေးဘီကိုအကဲခတ်ကြည့်တော့
လူတွေကကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။စန္ဒာလင်းကနားကြပ်တပ်ထား၍တော်တော့သည်။" ဘာမှမမှားပါဘူး..
ဒီမှာ နင်ဘာတွေကြုံနေရလည်း ငါမသိဘူး ငါကနင့်ကိုမခင်ချင်လို့လည်းမဟုတ်ဘူး
နင်နဲ့က ဒီနေ့မှစတွေ့တာလေ
နောက်ပြီး ငါကတစ်ယောက်တည်းအေးဆေးနေချင်တာ
နင်စကားတွေအရမ်းပြောနေတာ
ငါမွန်းကြပ်တယ်..ဒါ့ကြောင့် .."အေးငြိမ်း မျက်ရည်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှာရည်များသုတ်ရင်းနေရာပြောသည်များကိုနားထောင်နေ၏။ပြီးနောက်
"ငါ တကယ်သူငယ်ချင်းလိုချင်တယ် ကျေးဇူးပြုပြီး...
ငါ့သူငယ်ချင်းဖြစ်ပေးပါလား "
YOU ARE READING
Forget me not
General Fictionမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...