နောက်နေ့မနက် ဦးထုပ်အမဲရောင်ကိုခပ်ငိုက်ငိုက်ဆောင်းထားပြီး စန္ဒာလင်းအိမ်ရှိရာ လမ်းထိပ်မှစောင့်နေ၏။
စန္ဒာလင်းထွက်လာတော့ အနောက်မှ လိုက်ခဲ့၏။
သူနဲ့ရင်းနှီးအောင်ဘယ်လိုလုပ်ရမလဲ..အကြံထုတ်မရ။
စန္ဒာလင်းပုံစံက အလွယ်တကူရောလို့မရတဲ့ပုံစံ။
လမ်းတစ်လျှောက်လုံးအတွေးတွေနှင့်အနောက်မှလိုက်ခဲ့ရာ ကျောင်းရှိရာပင်ရောက်လာခဲ့၏။
နေရာကျောင်းထဲလိုက်မဝင်ဘဲသစ်ပင်ကိုမှီကာရပ်နေ၏။
စဉ်းစားရင်းစိတ်ရှုပ်ကာခေါင်းမှဦးထုပ်ကိုဆွဲချွတ်ပြီးကျောင်းထဲဝင်လိုက်၏။နေရာ့ကိုအနောက်မှတစ်ယောက်ယောက်ဝင်တိုက်လိုက်သဖြင့်ဇစ်မပိတ်ရသေးသောလွယ်အိတ်ထဲမှစာအုပ်များထွက်ကျကုန်၏။
" ဆောရီး..ဆောရီး "
"ဆောရီးနော် တကယ်... ဆောရီး..ဆောရီး..."
ကောင်မလေးတစ်ယောက်နေရာ့စာအုပ်တွေကိုကောက်ပေးရင်း ဆောရီးတွေထပ်နေအောင်ပြောနေသည်။
ထိုကောင်မလေးလက်ထဲမှစာအုပ်တွေကိုဆွဲယူကာလွယ်အိတ်ထဲထိုးထည့်ပြီးအခန်းရှိရာအမြန်သွားလိုက်၏။
အတန်းထဲရောက်တော့မနေ့ကအတိုင်းပင်။
အနောက်တန်းကလွတ်နေ၏။
သို့သော်
အရူးကျောင်းသားအုပ်စုကမလာသေး၊
စိတ်ကျဉ်းကျပ်မှုသက်သာတာပေါ့။နောက်ကျလေကောင်းလေ၊
မလာရင်ပိုကောင်း..
တွေးရင်းထိုင်လိုက်၏။"ရော့.. ဒီမှာ..ယူ့စာအုပ်..."
ခုံပေါ်ရောက်လာသောစာအုပ်ပေးသည့်လက်မှတစ်ဆင့်မျက်နှာကိုအကြည့်
အရောက်..ခုနကသူနဲ့တိုက်မိတဲ့ကောင်မလေး။
အလန့်တကြားနှင့် လွယ်အိတ်ထဲရှိစာအုပ်များပြန်စစ်ကြည့် လိုက်၏။"ဘာဖြစ်လို့လဲ..ဘာပျောက်သွားလို့လဲ "
ဟူးး တော်သေးတာပေါ့ ဖိုင်စာအုပ်ကရှိသေးတယ်၊ခုံပေါ်မှစာအုပ်ကိုလည်းသိမ်းလိုက်၏။
ထိုကောင်မလေးက နေရာ့ဘေးမှာဝင်ထိုင်လိုက်ပြီး" ခုနကမိတ်မဆက်လိုက်ရဘူး
. . . . . . . . . . . . . . . . . . . . . . . . .
ဒါနဲ့ ခုမှတွေ့ဖူးတာနော်..
. . . . . . . . . . . . . . . . . . . . . . . . .
ကျောင်းပြောင်းလာတာလား "
. . . . . . . . . . . . . . . . . . . . . . . . .
![](https://img.wattpad.com/cover/382757734-288-k394177.jpg)
YOU ARE READING
Forget me not
General Fictionမျှော်လင့်မထားပါဘူး ငါအဲ့လောက်ထိမျှော်လင့်မထားခဲ့တာအမှန်ပဲ မျှော်လင့်မထားသလို ဘာမှလည်းမရခဲ့ဘူး။ မမျှော်လင့်ဘူးလို့သာ အကြိမ်ကြိမ်ငြင်းနေခဲ့တာ။ ငါ့စိတ်နှလုံးရဲ့ ဟိုး..အနက်ရှိုင်းဆုံးနေရာမှာ မျှော်လင့်နေတယ်...လိုချင်မိတယ်။ ငါမသေခင်လေးမှာ...ရနိုင်မယ်ဆိ...