Chapter - 10

285 36 11
                                    

(Unicode)

အိမ်က‌ထွက်သွားပြီး ပြန်မလာတဲ့ထယ်ယောင်းကြောင့် ယွန်းဂီမှာအခက်တွေ့နေရတယ်...။ ဘယ်ကိုသွားတာလဲမသိသလို အန္တရာယ်တစ်ခုခုဖြစ်မှာကိုလည်း စိုးရိမ်နေရတယ်...။ ရဲစခန်းမှာပဲ လူပျောက်သွားတိုင်ရမလားလို့ တွေးနေမိတယ်...။

ခုထက်ထိလည်း အမေတို့ကို‌မပြောရ‌သေးပါ...။ ထယ်ယောင်းအပေါ် စိတ်ကွက်သွားကြမှာစိုးတာကြောင့် ကိုယ့်ဘာသာပဲကျိတ်ရှာနေရတာပါ...။ ကလေးကိုလည်း မထားခဲ့နိုင်တာကြောင့် အချိန်ပိုင်းအလုပ်တောင် မသွားဖြစ်ပါ...။

ဂျီမင်းကတော့ သူကြည့်ထားပေးမယ်ပြောပေမယ့် တစ်ရက်ကနေ နှစ်ရက်ဆိုရင်မ‌ကောင်းတော့ဘူးလေ...။ ကိုယ်မွေးထားတဲ့ကလေးကို သူများကိုထိန်းခိုင်းရတာက အားနာစရာကောင်းလှတယ်...။ ဘယ်လောက်ပဲခင်တဲ့ သူငယ်ချင်းဖြစ်ပါစေဦးပေါ့...။

"ဒယ်ဂူက သူ့အဖွားဆီကိုများ ထွက်သွားလားမသိဘူး... ငါလိုက်သွားကြည့်ရင်ကောင်းမယ်"

"ကလေးကိုပါ ခေါ်သွားမလို့လား...?? ကလေးပင်ပန်းမှာပေါ့"

"မတတ်နိုင်ဘူးလေ... ထားခဲ့လို့မှမရတာ... ကလေးအတွက် အဖေတစ်ယောက်ကတော့ ဘေးမှာရှိနေမှဖြစ်မှာ"

ဂျီမင်းမှာလည်း သူကူညီပေးချင်ပေမယ့် ယွန်းဂီက လက်မခံတာကြောင့် အခက်တွေ့နေတယ်...။ သူတတ်နိုင်သလောက်တော့ လူလွှတ်ပြီးတော့ ထယ်ယောင်းကိုရှာခိုင်းထားတယ်...။ ထယ်‌ယောင်းအနေနဲ့ မပြောမဆိုထွက်သွားတာက နည်းနည်းတော့လွန်တယ်လို့ ဂျီမင်းထင်မိတယ်...။

"ဒယ်ဂူသွားမယ်ဆိုလည်း ငါပါလိုက်ခဲ့မယ်လေ... ဘက်စ်ကားနဲ့သွားတာထက် ငါ့ကားနဲ့သွားရင်က ကလေးလည်းပိုသက်သာတာပေါ့"

"ဂျီမင်းအဆင်ပြေပါ့မလား... ငါတို့မင်းကိုဒုက္ခပေးတာများနေပြီ"

"သူငယ်ချင်းအချင်းချင်း အဲ့လိုမတွက်ပါနဲ့... ငါလည်းအားနေတာလေ... မင်းတို့သားအဖနှစ်ယောက်တည်းဆို ပင်ပန်းနေလိမ့်မယ်... ငါလည်းတတ်နိုင်သလောက် ကူညီပေးပါရစေ"

"ဒါဆိုလည်း ကျေးဇူးပါဂျီမင်းရေ"

ယွန်းဂီလည်း ဂျီမင်းရဲ့အကူအညီကို အားနာနာနဲ့ပဲလက်ခံလိုက်ရတယ်...။ မဟုတ်ရင် ကလေးပေါက်စတစ်ယောက်နဲ့ သူဒုက္ခရောက်တော့မှာလေ...။ ဂျီမင်းကလည်း သွားဖို့လာဖို့အတွက် ပစ္စည်းတွေပြင်ဆင်နေလေတယ်...။ ယွန်းဂီကတော့ ဧည့်ခန်းမှာပဲ ကလေးချီကာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေမိတယ်...။

Unstoppable Marriage (Completed)Where stories live. Discover now