^ဂယူဘင်း... ပုံထဲကတစ်ယောက်က နင်နဲ့အတူတူ ငါ တွေ့လိုက်တဲ့တစ်ယောက်မလား... အဲဒါကြောင့် မြင်ဖူးပါတယ်လို့... သူက ယူရာနဲ့စေ့စပ်ထားတဲ့တစ်ယောက်ဖြစ်နေတာပဲ...LA မှာကျောင်းတက်တာတဲ့ မိုက်လိုက်တာ အရမ်းတော်မှာပဲ...သူ့မိဘတွေကလည်း အာရှမှာအချမ်းသာဆုံးစာရင်းဝင်တွေ...ပိုက်ဆံရှိတဲ့အပြင် ရုပ်လေးကပါချောလိုက်သေးတယ်... အားကျလိုက်တာ ငါမရနိုင်တဲ့သူများဘဝတွေ... ငါပဲဖြစ်ဖြစ် ယူရာဖြစ်လိုက်ရင်ကောင်းမယ်^
ရုတ်တရက် ဖုန်းထဲဝင်လာတဲ့ ဟာနာပို့လိုက်သော စာနှင့် ပုံတစ်ပုံကြောင့် ကျွန်တော်စိတ်ရှုပ်ထွေးသွားရသည်။
သူနှင့်ယူရာ အတူတူတွဲရိုက်ထားသောပုံ။သူတို့စေ့စပ်ပွဲတုန်းကပုံဖြစ်ဖို့များသည်။ ကျွန်တော်ဆက်မမြင်ချင်တာကြောင့် ပုံကိုတစ်ခါတည်း delete လိုက်ပြီး ဟာနာဆီလည်းဘာစာမှမပြန်ပဲ ဖုန်းကိုပိတ်လိုက်ကာ အိပ်ရာပေါ်ပစ်တင်လိုက်သည်။
လူတိုင်းလိုချင်တဲ့ သတိုးသမီးလောင်း လှလှလေးလည်း ပိုင်ဆိုင်ထားပြီး တသက်စာထိုင်ဖြုန်းတောင် သုံးမကုန်အောင် ချမ်းသာတဲ့ မိဘတွေရထားတဲ့ သူလိုလူတစ်ယောက်က ဘာကြောင့်များ ဒက်ဒီလိုလူကို လက်ထပ်ပြီး ကျွန်တော်တို့ အိမ်မှာ သူ့ဘဝအချိန်တွေ ကုန်ဆုံးသွားဖို့ ရူးမိုက်ခဲ့ရတာလဲ။
အိပ်ရာပေါ်ပစ်လှဲချပြီး မျက်နှာကျက်ကိုသာ အကြောင်းမဲ့ စိတ်ပျက်စွာငေးကြည့်နေမိသည်။
သူ့ကိုများမေ့နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီရက်ပိုင်းတွေမှာ ဒက်ဒီမသိအောင် အပြင်ခိုးထွက်ပြီး တစ်ပတ်တစ်ယောက်နှုန်းနဲ့ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားကြည့်သေးသည်။ တစ်ယောက်မှ ရင်မခုန်တဲ့အပြင် ဘာခံစားချက်မှ ရှိမနေတာကြောင့် မိန်းကလေးတွေဖြစ်နေလို့လားဆိုပြီး ယောက်ျားလေးပြောင်းပြီးထားလည်း အတူတူပင်။ သူကလွဲလို့ ဘယ်သူမှချစ်လို့မရတော့တာဆိုပိုမှန်လိမ့်မည်။
ဒေါက်...ဒေါက်...
အပြင်က တံခါးခေါက်သံကြောင့် ကျွန်တော်ထပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ သူ့မျက်နှာက တော်တော်လေးပျက်ယွင်းနေတာကြောင့် တစ်ခုခုဖြစ်နေပြီဆိုတာသိလိုက်သည်။
YOU ARE READING
Missing Someone
Fiksi Penggemarအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။