Part 3

1.1K 120 5
                                    

Yunho England ကိုရောက်နေတာ သုံးရက်ရှိပြီ sooyong သတင်းတွေ လိုက်ပြီးစုံစမ်းပေမယ့် ဘာသတင်းမှမရပါ
sooyong နဲ့ပတ်သတ်ခဲ့သည့် သူတွေကိုစုံစမ်းရတာလည်း မောသည်
sooyong ဟာ ချစ်သူတောင်မထားဘူးဆိုတာသူသိလိုက်ရတော့ ပိုစိတ်မကောင်းဖြစ်မိသည် ......
sooyong ခင်ခဲ့သည့် ကောင်လေးတော်တော်များများကလည်း အသိုင်းအဝိုင်းကြီးကြီး ထဲကပဲဆိုတော့ သူစဉ်းစားရကြပ်သည် ဘယ်သူက သူမကိုဒီလိုပုံမျိုးရိုက်စေတာလဲ
ပြီးတော့ ဓါတ်ပုံထဲက သူမနဲ့အတူတွဲရိုက်ထားသည့် ယောကျာ်း ကိုရှာပေမယ့် မတွေ့ပါ
Yunho ဒီ တစ်ရက်နှစ်ရက် အတွင်းမှာပင် အသက် ၁၀ နှစ်လောက် ပို အိုစာသွားသလိုခံစားမိသည်

လေးရက်မြောက်နေ့မှာ .........
"ဟယ်လို"

"မန်နေဂျင်း ......"

"ပြော......"

"မမလေး sooyong သတင်းရပြီ .........xxxဆေးရုံမှာ ပြီးတော့ သိရသလောက် တော့ မမလေးဆုံးပြီတဲ့"

"ဘာ .........မင်းဘာတွေပြောနေတာလဲ "

"မသေချာသေးပါဘူး မန်နေဂျင်း ဒါပေမယ့် သတင်းက တိကျသလောက်ဖြစ်နေတော့ "

yunho ဘာစကားမှဆက်မပြောနိုင်ပါ ဘာကိုကော ပြောရဦးမှာလဲ

''ဟင့်အင်း မဖြစ်နိုင်တာ sooyong က ဘာလို့သေရမှာလဲ မဟုတ်ဘူး မဖြစ်နိုင်ဘူး ......"

taxi အမြန်ငှားပြီး xxxဆေးရုံကို အမြန်ပြေးလာလိုက်သည်
နှလုံးခုန်နှုန်းတွေ မြန်နေသည် အသက်တောင်ဝဝမရှူနိုင်လောက်အောင် သူစိတ်တွေမောနေတယ် မဖြစ်နိုင်ဘူး မဟုတ်ဘူးလို့ ငြင်းဆန်ထားပေမယ့်
ဘာလို့လဲ ဘာကြောင့်ဒီလိုဖြစ်ရမှာလဲ မသိပေမယ့်
အလောင်းကိုရေခဲတိုက်ကိုပို့ထားတယ်ဆိုတော့ သူ ခြေတွေလက်တွေပါတုနါလာသည် သေဆုံးသူနာမည်က april တဲ့ april ဆိုတာ sooyong nickname ဘာကြောင့် သေဆုံးတာလဲဆိုတော့ ကိုယ်ဝန်ဖျက်ချတာကနေ ပိုးဝင်သွားတာတဲ့
yunho စိတ်ထဲမှာ အကြိမ်ကြိမ်ငြင်းနေမိသည်
ရေခဲတိုက် အခန်းရှေ့တည့်တည့်မှာ သူတော်တော်ကြာအောင်ရပ်နေမိသည်
ဝင်ပြီး ကြည့်ဖို့သူ့မှာ အင်အားမရှိပါ......
၁၀ မိနစ်လောက်ကြာမှ သူ အားတင်းပြီး ရေခဲတိုက်ထဲဝင်လာခဲ့သည်
ပိတ်စဖြူဖြူ အုပ်ထားတဲ့အလောင်းကို သူမကြည့်ပါ
ကြောင်နေမိသည် sooyong ဖြစ်နေမှာကို သူ့မသိစိတ်ကကော သိစိတ်ကပါကြောက်သည်
ပိတ်စဖြူဖြူ ကိုစိုက်ကြည့်ရင်း သူအသက်ရှူမဝချင်တော့ပါ
ပိတ်စဖြူဖြူကို ဆွဲလှန်လိုက်ချိန်မှာ
yunho ရင်ဘတ်တစ်ခုလုံးတင်းကြပ်သွားသည်
သူ့လက် နှစ်ဖက်နဲ့ နှုတ်ခမ်းကိုအုပ်လိုက်သည်
အသက်ရှူမှုရပ်တန့်သွားတော့မလိုပဲ ......
မျက်ရည်စတို့သည် သူ့မျက်ဝန်းမှတစ်ဆင့်တစ်စတစ်စ ကျဆင်းလာခဲ့သည် ဘာကြောင့်လဲ
သူမြင်နေတာ အမှန်မဟုတ်ဘူးလို့ သူ့ကိုငြင်းပေးမယ့်သူမရှိပါ ......
ဒါဟာ အိမ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့သူဆုတောင်းနေပေမယ့် အိမ်မက်မဟုတ်ဘူးဆိုတာကို sooyong ရဲ့ရုပ်အလောင်းက သက်သေခံနေတယ် သွေးရောင်မရှိတော့ ဖြူဆုတ်နေသော သူမရဲ့မျက်နှာသည် အိပ်နေတာပါလို့သူငြင်းဖို့မဖြစ်နိုင်တဲ့ အမှန်တရားတစ်ခု

နှင်းဆီနီနီTempat cerita menjadi hidup. Temukan sekarang