Part 12

547 53 6
                                    

နှင်းဆီနီနီ ၁၂

အိပ်ရာရဲ့ဘယ်ဘက်ကိုသူစမ်းလိုက်တဲ့အခါ လစ်ဟာနေတဲ့အထိအတွေ့ ………

"Min ……… "

သူချွေးတွေရွဲနစ်စွာနဲ့နိုးလာခဲ့တယ်

"Hyung ……"

Changmin က သူ့ခေါ်သံကြောင့်အခန်းထဲကိုပြေးဝင်လာခဲ့တယ် ………
Changmin က အိပ်ရာဘေးစောင်းမှာထိုင်လိုပ်တာနဲ့ သူ Changmin ကို ပွေ့ဖက်ထားခဲ့သည် ……… အခုချက်ချင်းလွတ်ထွက်သွားမတတ် ……… အခုချက်ချင်း changmin က သူ့ဆီကနေ ပျောက်ကွယ်သွားတော့မလို သူဖက်တွယ်ထားခဲ့တယ်

"Hyung ……… ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား ………"

"ဘာမှမပြောပဲ ဒီအတိုင်းခဏလေးနေပေးပါ ……… Min ……"

Changmin က နူးညံ့ညင်သာစွာပြုံးလိုက်ပြီး Yunho ကို ပွေ့ဖက်ထားလိုက်သည် ……… မနက်ခင်းရာသီဥတုကအေးချမ်းစွာရှိနေသည် ……… ဒါပေမဲ့ Yunho တစ်ကိုယ်လုံးက ချွေးတွေနဲ့ရွဲနစ်နေခဲ့သည် …………

Yunho က မျက်လုံးတွေကိုမှိတ်ထားရင်း အသံထွက်ပဲ ငိုနေခဲ့တယ်……… အိပ်မက်တွေတိုင်းမှာ Changmin က သူ့ကိုထားခဲ့ပြီလို့မက်တယ် ……… အဲ့ဒီလိုအကြိမ်တိုင်း သူ အရူးတစ်ယောက်လို နာကျင်ရတယ် ……… အိပ်မက်ထဲမှာကော လက်တွေ့မှာပါ သူအမြဲ လက်လွှတ်လိုက်ရသလို ခံစားရတယ် ……… သူ့အချစ်တွေ ……… စိတ္တဇဖြစ်နေပြီလား …………

…………………………………………

"Mrs.Jung စုံစမ်းခိုင်းထားတဲ့ကိစ္စပါ ……… စာအိတ်ထဲမှာ ဓါတ်ပုံနဲ့ကော အချက်အလက်တွေပါ အစုံပါပါတယ် "

Ara က မငြိမ်မသက်ဖြစ်နေတဲ့ သူမရဲ့စိတ်ကို ဖုံးဖိရင်းပြုံးလိုက်တယ်……………

"ဒီမှာ ပေးရမယ့် Amount အကုန်လုံးပဲ ………"

သူမ က ငွေအိတ်ကိုလှမ်းပေးလိုက်တာနဲ့ သူမရှေ့က လူက ခပ်သွက်သွက်ထွက်သွားတာနဲ့ အိတ်ကိုတုန်လှုပ်စွာဖွင့်လိုက်သည်
အထပ်လိုက်ထွက်ကျလာတဲ့ပုံတွေ… သူမရဲ့သားနဲ့ သူမကိုထိတ်လန့်စေတဲ့တစ်ယောက်သောသူ …

"Changmin "

ဓါတ်ပုံထဲကတစ်ဆင့် မြင်နိုင်တဲ့ သာမာန်မဟုတ်တဲ့ဆက်ဆံရေးတစ်ခု ………
သူမ လက်က ဓါတ်ပုံတွေလွတ်ကျသွားခဲ့သည် ……
ပုံတွေကို ပြန်ကောက်ဖို့တောင် သူမသတိမရတော့ …… ဘာတွေဖြစ်ကုန်တာလဲ ……အခုဘာတွေ ဖြစ်ကုန်ပြီလဲ သူမကြိုးစားတည်ဆောက်ခဲ့တဲ့ အရာတွေက အစီအစဉ်မရှိ ယိုင်နဲ့နေခဲ့သည်……
ပထမ က သမီး ဒုတိယက သား ……

နှင်းဆီနီနီTempat cerita menjadi hidup. Temukan sekarang