Mrs.Jung တစ်ယောက် ခုံပေါ်မှာထိုင်ရင်း တုန်လှုပ်နေမိတယ် အမြင်မှားတာပါ မှားနေတာပါလိုဇွတ်ငြင်းနေလည်း သူကြောက်စိတ်မပျယ်ပါ .........
အိပ်ရာပေါ်မှာ ပုံရက်သားလဲကျသွားတဲ့အထိ သူမငိုမိသည်
မမှတ်မိချင်တော့ပေမယ့် မှတ်မိနေသေးသည် မျက်ဝန်းညိုညိုတွေနဲ့ အဖြူရောင်ကောင်လေး
သူမ ကြိုက်တတ်တဲ့နှင်းဆီပန်းနီနီတွေသယ်လာပေးတတ်တဲ့ကောင်လေး ......သူမစားပွဲခုံပေါ်က နီဆွေးတဲ့နှင်းဆီပန်းတစ်ပွင့် ......ဒါတွေဟာ သူမဘယ်တော့မှမမေ့မယ့် အရာတွေ သူမဘဝရဲ့အဖြူစင်ဆုံးအချိန် အချစ် သန့်သန့်လေး သာ သူမ နှလုံးသားမှာရှိနေတဲ့အချိန်Flash Back
"Ara........."သူမခေါ်သံကြောင့် ပန်းအလှထိုးရင်းနဲ့ခေါ်သံဘက်ကိုလှည့်ကြည့်လိုက်သည် .........
နှင်းဆီအနီရောင်တွေ တပွေ့တပိုက်နဲ့ကောင်လေးက သူအပေါ်ကို ချိုမြိန်စွာပြုံးပြသည်
"min ah .........နှင်းဆီပန်းတွေယူလာပြန်ပြီ နင့်ခြံကတော့ အရှုံးပေါ်မှာပဲ "
"ငါ က နင့်လိုတော့မချမ်းသာပေမဲ့ နင့်ကိုနှင်းဆီပန်းတွေအမြဲပို့ပေးနေရုံနဲ့တော့ ငါမမွဲပါဘူး ........."
Ara က changmin ဆီက နှင်းဆီပန်းတွေကို ယူလိုက်ကာ နှစ်သက်စွာနမ်းရှိုက်လိုက်သည်
"Aigoo.........ရှေ့လာပြီး အသည်းယားအောင်လုပ်နေပြန်ပြီ "
Changmin က ပန်းတွေကိုနမ်းနေတဲ့ Ara နဖူးပေါ်ကိုအနမ်းလေးခြွေရင်းပြောလိုက်သည်
"Yah... ဘာလုပ်တာလဲ လူတွေ ဝင်လာရင် မြင်ကုန်ဦးမယ် ......"
"မမြင်လောက်ပါဘူး ဒီနေ့အသင်းသားတွေနောက်ကျမှာပါ ......"
"မမြင်လောက်ပေမယ့် ဆင်ခြင်ရမယ်လေ ......အခုအချိန်က min နဲ့ Ara အတွက် အရေးကြီးတယ်လေ .........min လည်းသိသားနဲ့"
Changmin ခေါင်းညိတ်ပြရင်း သက်ပြင်းခိုးချမိသည်
Ara နဲ့ changmin က အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတွေ ...... ချစ်သူဖြစ်နေတာ ၁ နှစ်လောက်ရှိပြီဆိုပေမဲ့ ဒါဟာ သူတို့နှစ်ယောက်သာ သိတဲ့လျှို့ဝှက်ချက်ပါ ......နှစ်ယောက်လုံး အမြဲ ချိန်းတွေ့လေ့ရှိတဲ့နေရာက ဓါတ်ပုံအသင်း အခန်းရယ် ......changmin ပိုင်တဲ့ နှင်းဆီ ခြံရယ် ......... တစ်ခါတစ်လေ လူအလစ်မှာ အချစ်ရိပ်သန်းတဲ့ မျက်ဝန်းတွေနဲ့တစ်ယောက်ကိုတစ်ယောက် ငေးကြည့်တာကလွဲရင် သူတို့နှစ်ယောက်ဘာမှမပိုနိုင်ပါ ......
Ara မိဘ တွေက ဒီနယ်မှာ နာမည်ကြီးတွေလေ ချမ်းသာတယ် အဆင့်အတန်းခွဲတယ် changmin တို့လို အမေတစ်ခု သားတစ်ခု နှင်းဆီခြံတစ်ခြံပဲ ပိုင်တဲ့ မိသားစုနဲ့ဘယ်လိုမှမအပ်စပ်ပါ ......... သူတို့နှစ်ယောက်မှာ အိမ်မက်လေးတစ်ခုသာရှိသည် အဲ့ဒီအိမ်မက်က Seoul တက္ကသိုလ်ဝင်ခွင့် ......
Seoul ကိုရောက်မှသာ နှစ်ယောက်သား လွတ်လွတ်လပ်လပ် ချိန်းတွေ့နိုင်မှာ နှစ်ယောက်သား အချုပ်အနှောင်မရှိနေနိုင်မှာ .........

ESTÁS LEYENDO
နှင်းဆီနီနီ
De Todoအချစ်က ကိုယ်တို့အတွက် အနီရောင်နှင်းဆီပါပဲ သိပ်ကိုလှပတယ် ဒါပေမဲ့လည်း ဆူးတွေနဲ့လေ