Part 7

1K 111 12
                                    

"Party ကျင်းပမယ် .........ဘာအတွက်"

changmin သောက်လက်စ ဝိုင်ခွက်ကိုဘေးချရင်း yunho စကားကိုမေးခွန်းထုတ်လိုက်သည်

"မေမေ့ မွေးနေ့လည်းဟုတ်တယ် ပြီးတော့ company နှစ်ပတ်လည်နေ့လည်းဟုတ်တယ် ဖေဖေက မေမေ့မွေးနေ့မှာ company စပြီးတည်ထောင်တာလေ နှစ်တိုင်းမေမေ့မွေးနေ့နဲ့
company နှစ်ပတ်လည်နေ့က တွဲလုပ်နေကြ sooyong ဆုံးပြီးကတည်းက မေမေ မွေးနေ့မလုပ်ဘူး ဒီတစ်ခါတောင် ကိုယ်မနည်းဖျောင်းဖျထားတာ"

"ကျွန်တော်ကို ဘာအတွက် party အကြောင်းပြောနေတာလဲ ကျွန်တော်နဲ့မဆိုင်ဘူးလို့ထင်တယ် "

"ကိုယ်မင်းကို လာစေချင်တယ် Min ........."

"လုပ်ငန်း partner အနေနဲ့လား ကျွန်တော် အဲ့လိုပွဲတွေတက်လေ့တက်ထမရှိဘူး......"

"ကိုယ့်ရဲ့အရေးပါတဲ့သူတစ်ယောက်အနေနဲ့ဖိတ်တာပါ min မင်းကို ကိုယ့်မိသားစုနဲ့ရင်းနှီးစေချင်တာပါ "

"ကျွန်တော်တို့နှစ်ယောက်ကြားမှာ အဲ့လောက်အထိမလိုဘူးလို့ကျွန်တော်ပြောပြီးသားပဲ......"

"ကိုယ့်အတွက်တော့ လိုတယ် .........ဘယ်အချိန်မင်းထားသွားမယ်လို့မသိပေမဲ့ လက်ရှိအချိန်လေးမှာတော့ မင်းဟာ ကိုယ်အတွက်အရေးအကြီးဆုံးသူအဖြစ်ရှိနေတယ်"

"အပိုတွေမပြောပါနဲ့ တကယ်တော့ ခင်ဗျားအနေနဲ့ ကျွန်တော်နဲ့ဘယ်လိုပတ်သတ်နေတယ်ဆိုတာကို ဘယ်သူကိုမှပြောမပြနိုင်ဘူးဆိုတာကျွန်တော်သိတယ်"
"ကိုယ့်ဘက်ကမပြောနိုင်တာမဟုတ်ဘူး min မင်းဘက်ကသာအသိမခံနိုင်တာပါ ဟုတ်တယ်မလား........."

"Party ကိုလာခဲ့ပါ .........ကိုယ်ရဲ့မပြောပလောက်တဲ့တောင်းဆိုမှုလေးကို မင်းလက်ခံနိုင်ဖို့မျှော်လင့်ပါတယ် ........."

changmin ခေါင်းတွေရှုပ်နေသည် Go Ara နဲ့ပြန်တွေ့ဖို့ သူကြောက်နေသည် .........ကြောက်နေတာမဟုတ်ဘူး အသင့်မပြင်ဆင်ရသေးဘူး .........စိတ်ပိုင်းဆိုင်ရာအရအသင့်မပြင်ဆင်ရသေးဘူး !......ရုပ်ပိုင်းဆိုင်ရာအရကော သူလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အသင့်ပြင်ပြီးသား .........

-------------------

"သွားမယ် ဟုတ်လား min ပြန်စဉ်းစားပါဦး......"

နှင်းဆီနီနီحيث تعيش القصص. اكتشف الآن