Part 4

1.1K 116 8
                                    

အိမ်တစ်ခုလုံးက ငိုရှိုက်သံသဲ့သဲ့ကလွဲလို့ ဘာသံမှမကြားရပါ
ဘာလိုလိုနဲ့ Sooyong ဆုံးတာ ၂ နှစ်ရှိပြီ ပြီးတာတွေပြီးပါစေတော့လို့yunhoသဘောထားခဲ့ပေမယ့် မပြီးဆုံးနိုင်တာက ရင်ဘတ်ထဲက ဒဏ်ရာတွေ Sooyong ဆုံးတဲ့ နှစ်ပတ်လည်နေ့ ဒါမှမဟုတ် sooyong မွေးနေ့တိုင်းမှာ sooyong အခန်းထဲက မေမေ့ ငိုသံကို ကြားနေရစမြဲပါ မထောက်မညှာတမ်းရက်စက်ခဲ့တဲ့ ကံတရားလို့ပဲ သူသတ်မှတ်လိုက်သည် ကံဆိုးခဲ့တဲ့ Sooyong ပေါ့

"မေမေ ........."

"သား ဒီနေ့ xxx ကိုသွားရမယ် အဲ့ဒီမှာ လုပ်ငန်းတစ်ခုအခြေချမလို့ "

မေမေက မြို့နာမည်ကြားတော့ ခေါင်းထောင်ကြည့်သည်

"ဘာလို့သွားမှာ လဲ တစ်ခြားတစ်ယောက်ကိုခိုင်းလိုက်လို့မရဘူးလားသား......"

ဒါမေမေပြောနေကြစကားပင် မေမေက သူ့မွေးရပ်မြေကို yunho သွားမှာကိုသဘောမကျပါ yunho မှမဟုတ်ပါ မိသားစုဝင်တစ်ယောက်ယောက် သွားမှာကိုပင် မနှစ်မြို့တတ်ပါ

"တခြားတစ်ယောက်ကို ခိုင်းလို့မရဘူးမေမေ သား သွားမှရမှာ ......Company က အခြေအနေ ထိုးဆင်းနေတယ် အခု Red Rose Group နဲ့သားစာချုပ်ချုပ်မှရမှာ သူ့Hotel တွေမှာ သားတို့ ဆီက ထုတ်တဲ့ ပရိဘောဂတွေသာ သုံးမယ်ဆိုရင် အရှုံးပေါ်မယ့်အရာတွေက ပြန်အဆင်ပြေနိုင်တယ် ......"

"အဲ့ဒါနဲ့ သား xxx ကိုသွားမှာ ဘာဆိုင်လို့လဲ ......"

"အဲ့ဒီမှာ က Red Rose Group ရဲ့ CEO နေတယ် သူနဲ့တွေ့ဖို့မလွယ်ဘူး အခုတောင် ဒီသတင်းကို သားသိသိချင်းသွားရမှာ သားတို့ ပြိုင်ဘက် company က သာစာချုပ်ချုပ်နိုင်သွားရင် အကုန်လုံးဆုံးရှုံးကုန်လိမ့်မယ်"

"အင်းပါ ဒါနဲ့ Tae Yeon ရော ပါဦးမှာလား "

မေမေက သူနဲ့Tae Yeon ကိုလက်ထပ်ဖို့မျှော်လင့်နေသည် အခြေမခိုင်တော့တဲ့ သူ့စီးပွားရေးအခြေအနေအတွက် Tae Yeon တို့မိသားစုက သူ့အပေါ်သိပ်အမြင်မကြည်ပါ Tae Yeon နဲ့သူနဲ့ဆက်ဆံရေးဟာ လည်း အရင်ထက်ပင် အေးစက်လာခဲ့သည် Tae Yeon ဆီမှာ တစ်ခြားတစ်ယောက်ရှိနေတယ်ဆိုတာသူသိသည် အကယ်၍Tae Yeon ကသာ ဒီအကြောင်းကိုပွင့်ပွင့်လင်းလင်းသူ့ကိုပြောလာခဲ့ရင် သူစေ့စပ်ပွဲကို နှစ်ဦးသဘောတူဖျက်သိမ်းပေးမှာပါ
အခုတော့ ဒီအကြောင်းတွေ မေမေ့ကိုမသိစေချင်သေးပါ မေမေ့ကျန်းမာရေးယိုင်နဲ့နဲ့ကို ပြိုလဲအောင် သူမလုပ်နိုင်ပါ အရင်က မာန်အပြည့်နဲ့မေမေဟာ Sooyong ဆုံးပြီးကတည်းက လူကောစိတ်ပါသိပ်မကျန်းမာတော့ပါ အရင်ကဆို နှင်းဆီပန်းနံ့သင်းနေတတ်တဲ့အိမ် နှင်းဆီပန်းတွေနဲ့
အလှဆင်တတ်ထားတဲ့အိမ်ဟာ Sooyong ဆုံးပြီး နောက်ပိုင်းထဲက တိတ်ဆိတ်ခြောက်ကပ်သွားသည်

နှင်းဆီနီနီحيث تعيش القصص. اكتشف الآن