Changmin ဖွေးဆွတ်နေတဲ့ နှင်းတွေကိုစိုက်ကြည့်ရင်း အရက်ခွက်ကိုမော့လိုက်သည် ............နှင်းတွေက အတိုင်းအဆမဲ့ကျနေဆဲပင် မကြာမီနှင်းတွေကုန်ပြီးရင် သာယာတဲ့ ကောင်းကင်ဖြစ်လာတော့မည် .........အတွေးတွေကဦးတည်ရာမရှိပဲတောင်ရောက်မြောက်ရောက်ရှိနေခဲ့သည်.........သူ့ မျက်နှာသည် ရှိရင်းစွဲအသက်ထက်များစွာရင့်ရော်နေသည် ......ပုခုံးထက်က ဆံပင်ခပ်လျားလျားရယ် ......မရိတ်ပယ်ထားတဲ့ မုတ်ဆိတ်မွေးတစ်ချို့ရယ် .........ပြီးတော့ အရောင်ဖျော့နေတဲ့ သူ့မျက်ဝန်းက သူ့ကို စိတ်ကျနေသူတစ်ယောက်လို့အတိအကျဖော်ညွှန်းထားသည်
SOO HYUK ပြတင်းပေါက်ကနေအပြင်ကိုငေးနေတဲ့ changmin ကိုစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည် ...... ဘယ်အချိန်ထိလဲ ......ဘယ်အချိန်အထိ သူဒီလိုပုံနဲ့ရှင်သန်နေမှာလဲ ......... ကြာရင် changmin ဘဝတစ်ခုလုံးအရက်ထဲကိုနစ်မြုပ်သွားဖို့ရှိသည် .........
Changmin ကို Yunho ဆီပြန်သွားဖို့သူမတိုက်တွန်းချင်ပါ ...... Changmin ကိုသူ့အနားမှာထာဝရရှိစေချင်သည် ............အရင်ကလိုရက်စက်တဲ့အပြုံးနဲ့ သူ့ကိုသတ်နေတာကမှ သူ့အတွက်ခံသာသေးသည် ...... အခုတော့ Changmin က ..............................Soohyuk Changmin အနားကိုတိုးကပ်သွားလိုက်သည် Changmin က အရက်ကိုတစ်ကျိုက်မော့လိုက်သည် .........မျက်ဝန်းတွေကတော့ အဖြူရောင် နှင်းတွေကိုစ်ုက်ကြည့်နေသည် ......Soo hyuk changmin ငေးနေတဲ့အဖြူရောင်နှင်းတွေကို အဓပ္ပါယ်မဲ့လိုက်ကြည့်မိနေသည် .........
"ဘယ်အချိန်ထိလဲ .........ဘယ်အချိန်ထိ မင်းအဲ့လိုဖြစ်နေမှာလဲ Min "
Soohyuk အသံကတုန်ရီနေသည်
"မသိဘူး .........မနက်ဖြန် သဘက်ခါ .........ဒါမှမဟုတ် လတွေကြာလာရင် နှစ်တွေကြာလာရင် အဆင်ပြေသွားမှာလား ......ကိုယ်မသေချာဘူး ...... သေချာတာတစ်ခုက ကိုယ်သေဆုံးသွားရင် ဒီခံစားချက်တွေပါအဆုံးသတ် ........."
Changmin စကားမဆုံးလိုက်ခင်မှာပဲ Soohyuk ကChangmin ရဲ့အရက်ခွက်ကိုယူပြီးပစ်ခွဲလိုက်သည်
"မင်းသေဆုံးသွားရင် အဆုံးသတ်သွားမယ်တဲ့လား .........ဟုတ်လား .........အရာရာကို ကလဲ့စားချေချင်ပြီး အသည်းမာနေတဲ့ Changmin က ဘယ်ရောက်သွားပြီလဲ .........ဘယ်ရောက်သွားပြီလဲ "
YOU ARE READING
နှင်းဆီနီနီ
Randomအချစ်က ကိုယ်တို့အတွက် အနီရောင်နှင်းဆီပါပဲ သိပ်ကိုလှပတယ် ဒါပေမဲ့လည်း ဆူးတွေနဲ့လေ