Part 14

632 54 13
                                    

နှင်းဆီနီနီ ၁၄

မနက်မိုးလင်းတိုင်း မျက်လုံးဖွင့်ကြည့်တဲ့အခါ ကိုယ့်ချစ်သူရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်နေမိခြင်းပါလားဆိုတဲ့အသိက ကြည်နူးစရာပါပဲ ……   ဒါပေမဲ့ ဖိစီးမှုအချို့ကလည်းပျောက်ပျက်နိုင်ပါ …… သူသေတဲ့အထိ အဲ့ဒီဖိစီးမှုကြီးကနေပျောက်ပျက်နိုင်မှာ မဟုတ်တော့တာ Yunho ကြိုသိနေခဲ့သည်

အခန်းတံခါးဝကနေတဆင့် မြင်နေရတဲ့ နှင်းဆီးခင်းကြီးဟာ သူ့စိတ်ကိုကြည်နူးမှုကူးဆက်စေခြင်းမရှိ။
ဒါပေမဲ့ သူ့အကြည့်ကိုမလွဲဖယ်နိုင်ခဲ့ပါ။ တံခါးကိုဖွင့်ပြီးနှင်းဆီခင်းကိုတမေ့တမော သူငေးကြည့်မိနေသည်။
တကယ်တော့ သူမကြည့်ချင်ဘူး။ ဒါပေမဲ့တခုခုက ညှို့ယူနေသည်။ နှင်းဆီအနီခင်းကြီး ပေါ်မှာ မြူ ခိုးတွေ ဝေမှိုင်းနေသည် ။

"Oppa"
တိုးတိုးဖွဖွ ခေါ်သံက သူ့ကိုစိတ်ခြောက်ခြားစေသည်။

"ဟင့်အင်း မခေါ်နဲ့ Sooyoung…… "

"Oppa"

"ဟင့်အင်း သွားပါတော့ Sooyoung ……"

"Oppa က ပျော်နေနိုင်တယ်လား ……… ညီမလေး ဒီလောက် နာကျင်ခံစားရခဲ့တာတောင် ……Oppa က သူ့ကိုရွေးချယ်တုန်းပဲလား "

"မပြောပါနဲ့ မပြောပါနဲ့ "

သူ့ လည်ချောင်းတွေခြောက်ကပ်လာတဲ့အထိ သူငိုနေမိသည် ။ နှင်းဆီခင်းများအလယ်က Sooyoung ရဲ့ ပုံရိပ်ဟာတဖြည်းဖြည်းထင်ရှားလာသည် ………

သူမ ကိုင်ထားတဲ့နှင်းဆီအနီတို့ဟာ ညှိုးကျနေသည်။သူမ လက်တို့ဟာ နှင်းဆီဆူးတွေကြောင့် ပေါက်ပြဲကာ သွေးစက်တို့က နှင်းဆီအနီတွေပေါ်စီးကျနေသည်

"Oppa လည်း အလိမ်ခံရမှာပဲ ……Oppa လည်း ညီမလေးလို ……"

"မပြောနဲ့ ဆက်မပြောနဲ့ ……"
xxxxxxxxxxxxxx

အာခေါင်ခြစ်အော်ထုတ်ပြီးတဲ့အခါ သူစငိုမိသည်။ မျက်ရည်တွေ က ခေါင်းအုံးပေါ်ရွဲစိုသွားတဲ့အထိ လောင်မြိုက်စွာခံစားနေရသည်……

သူ့ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင် ငိုနေတဲ့ Yunho ကြောင့် Changmin နိုးလာခဲ့သည်။

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ Hyung ……"

ဘာစကားမှ ပြန်မပြောပဲ ငို၍သာနေတဲ့ Yunho ကိုတွ့ရတဲ့အခါ
Changmin ရဲ့ နှလုံးသားတခုလုံးကြေမွနေသည်။

နှင်းဆီနီနီWhere stories live. Discover now