Yunho အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက ပိတ်ဖြူဖြူနဲ့အုပ်ထားတဲ့ပရိဘောဂတွေ ဖုန်တချို့တက်နေသည်.........
အခန်းက heater မဖွင့်ထားတာကြောင့် အေးစက်နေသည် .........
Yunho အခန်းထဲကိုတစ်လှမ်းချင်း လှမ်းလျှောက်ဝင်လိုက်ရင်း ဝမ်းနည်းမှုကိုခံစားလိုက်ရသည်နံရံမှာ ပိတ်ဖြူစနဲ့အုပ်ထားတဲ့ ဓါတ်ပုံရှေ့မှာဟသူနှင်းဆီဖြူပန်းစည်လေးကိုချထားလိုက်ရင်း ပိတ်အဖြူကို ဆွဲခွာလိုက်တော့ ချိုမြနေတဲ့ Sooyong အပြုံးက သူ့ကိုဆီးကြိုနေသည်
ဒါပေမဲ့ ဓါတ်ပုံထဲက Sooyong အပြုံးဟာ သူ့အတွက် မချိုမြနိုင်ပါ .........
သူဓါတ်ပုံကိုကြည့်ရင်း မျက်ရည်ကျမိတယ် ......... Sooyong ကိုလွမ်းဆွတ်တာအတွက်သက်သက်မဟုတ်ပါ Sooyong ဆုံးတဲ့အချိန်ကနေအခုအထိ အလဲလဲအပြိုပြိုဖြစ်နေတဲ့ သူ့ရဲ့မိသားစုတစ်ခုလုံးအတွက် သူဝမ်းနည်းမိသည် ...... အခုအချိန်မှာ သူဟာအမေ့ကို ပွေ့ထူရမယ့် အစားသူကိုယ် တိုင် လဲပြိုကျနေခဲ့သည်"Mianhae Sooyong ; oppa က ညီမလေးကိုလည်းမကာကွယ်နိုင်ခဲ့ဘူး ...... မေမေ့ကိုလည်းမစောင့်ရှောက်နိုင်ခဲ့ဘူး ......... oppa ကိုယ်တိုင်လည်း ကောင်းကောင်းမရပ်တည်နိုင်တော့ဘူး ......... ဒီလိုအသုံးမကျတဲ့အကိုဖြစ်နေလို့ အားနာမိတယ် sooyong "
ဓါတ်ပုံထဲက sooyong ကိုသူသေချာစိုက်မကြည့်နိုင်ပါ
Sooyong ရဲ့ရှေ့မှာ သူဟာ အပြစ်သားပါပဲ
အခုအချိန်မှာသူကိုယ်တိုင်လည်း လဲပြိုကျနေမိတယ် ......... Changmin ............ အတွက်သူကျဆုံးနေမိတယ်Changmin သတင်းကို Yunho လိုက်စုံစမ်းနေပေမဲ့ သတင်းကမရဘူး
ပုန်းနေတဲ့သူကိုရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်ဘူး......
မတွေ့ပဲနဲ့တော့ ပြန်ဖို့အကြောင်းမရှိပါ .........
ဘယ်လိုပဲဖြစ်ဖြစ် changmin ဆီကနောက်ဆုံးစကားတစ်ခွန်းလောက်တော့ သူကြားချင်သည် ...... သူတို့ပတ်သတ်ခဲ့တဲ့တစ်လျောက် changmin ဆီက ရရှိဖူးတဲ့ အကြင်နာအကြည့်တွေဟာ ...... အလိမ်အညာတွေမဖြစ်နိုင်ပါ .......... မပီပြင်တဲ့ ယုံကြည်ချက်တစ်ခုကို သူဆုပ်ကိုင်ထားသည် ...... အဆုံးသတ်ရလတ်က ဘာတွေဖြစ်နေဖြစ်နေ သူchangmin ကိုချစ်နေဦးမည်......
ပိတ်ဖြူစတွေကိုဆွဲဖယ်ပြီးထောင့်တစ်ထောင့်မှာပုံထားလိုက်သည် ... အိပ်ခန်းအတွင်းကိုဝင်လိုက်တော့ ဖုန်တချို့က ဟိုတစ်စဒီတစ်စ .........အခန်းထောင့်မှာရှိနေတဲ့စက္ကူပုံးလေးဆီကိုသူ့အကြည့်တွေရောက်သွားတဲ့အခါ စက္ကူပုံးထဲက ပစ္စည်းတွေကိုသူထုတ်ယူကြည့်မယ်လို့တွေးလိုက်သည် တကယ်တမ်းတော့ ......... သူခြေလှမ်းပြင်ပြီးခါမှ မသွားဖြစ်တော့ ......အဲ့ဒီပစ္စည်းတွေက Sooyong ရဲ့နောက်ဆုံးလက်ကျန်ပစ္စည်းတွေ Sooyong တည်းခဲ့တဲ့ hotel က ပို့ပေးခဲ့တဲ့ပစ္စည်းတွေ လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းကတော့ သူ မေမေ့ဆီပြန်ချင်ဇောနဲ့ထုတ်မကြည့်ခဲ့ ......... အဲ့ဒီပစ္စည်းတွေကိုရှာဖွေကြည့်ရင် Sooyong နဲ့ပတ်သတ်တဲ့လူဘယ်သူလဲ sooyong ဘာတွေဖြစ်ခဲ့တယ်ဆိုတာသိနိုင်ပေမယ့် ......... မသိချင်တော့ပါဘူး ......... အရာအားလုံးကိုအပြီးသတ်ထားလိုက်မည် ......... အရာရာကိုသူမေ့ထားချင်သည် ......... အခုသူဖြစ်နေတဲ့အဖြစ်က မူးယစ်ဆေးစွဲနေသူတစ်ယောက်လိုဖြစ်နေသည် ......
changmin ကို သူ့စိတ်ရောကိုယ်ပါ ပြင်းပြင်းပြပြတောင်းတနေသည် ......... ဒါပေမယ့် .........
KAMU SEDANG MEMBACA
နှင်းဆီနီနီ
Acakအချစ်က ကိုယ်တို့အတွက် အနီရောင်နှင်းဆီပါပဲ သိပ်ကိုလှပတယ် ဒါပေမဲ့လည်း ဆူးတွေနဲ့လေ