'သူနဲ့ဆုံခဲ့တာဟာ အိမ်မက်ဆိုးတစ်ခုလို့ခံစားမိတယ်
ပြီးတော့ကျွန်တော်............ အဲ့ဒီအိမ်မက်ကိုအခါခါမက်ချင်တယ် 'Yunho သူရေးထားတဲ့စာကို ထပ်ခါထပ်ခါပြန်ဖတ်မိတယ် သူSeoul ကိုပြန်ရောက်နေတာ ၂ ပတ်ရှိပြီ changmin တို့company နဲ့စာချုပ်ချုပ်ပြီးပြီ ဒါပေမဲ့ စာချုပ်လာချုပ်တာက သူ့အတွင်းရေးမှူးသာ changmin ကိုတွေ့တာအဲ့ဒီနေ့က နောက်ဆုံးပါပဲ
ထပ်ပြီးသူchangmin ကိုတွေ့ချင်ပေမယ့် နှင်းဆီနီ စံအိမ် ကိုသွားဖို့ သူမဝံ့ရဲဘူး changmin ရဲ့အေးစက်စက် ဆက်ဆံမှုမျိုးကိုသူလက်ခံဖို့ အသင့်မဖြစ်သေးဘူး အသက် မငယ်တော့တဲ့အရွယ်မှာ အချစ်ဆိုတာကို အရေးပေးဖို့မသင့်ပေမယ့် သူchangmin အကြောင်းကိုတွေးတိုင်း သူ့ဦးနှောက်က နှလုံးသားရဲ့အမိန့်ကိုသာနာခံပါသည်Yunho စာရွက်ကိုလုံးချေပြီး အမှိုက်တောင်းထဲသို့လှမ်းပစ်လိုက်သည် အမှိုက်က အမှိုက်တောင်းထဲသို့မဝင်ပဲဘေးကိုချော်ကျသွားသည်
ပြန်ကောက်ထည့်ချင်စိတ်လည်းမရှိပါ သူအသက်မဲ့နေသလိုခံစားမိသည်*knock knock*
"သား........."
Mrs.Jung က အခန်းထဲကိုဝင်လာသည် ခရီးကပြန်လာတဲ့နောက်ပိုင်း
yunho မျက်နှာမှိုင်းနေတာကိုသူမ သတိထားမိတယ်
Sooyong အတွက်ပဲ အမြဲပူဆွေးနေမိလို့ အမေတစ်ယောက်အနေနဲ့ yunho အပေါ်သူလစ်လျူရှုမိသွားသည်"ပြောလေ မေမေ"
"ဘာအခက်အခဲတွေဖြစ်နေလဲ မေမေ ဘာအခက်အခဲမှန်းတော့မသိပေမဲ့သားမှာ အခက်အခဲတွေ ဖြစ်နေတာကိုတော့ မေမေခံစားမိတယ် "
"မေမေ စိတ်ထင်နေတာပါ သား အဆင်ပြေပါတယ်"
"Taeyeon နဲ့အဆင်မပြေတာလား"
မေမေ့ပါးစပ်က အဲ့ဒီနာမည်ကိုပြောမှ Taeyeon အကြောင်းသတိရသည် Taeyeon နဲ့သူနဲ့မတွေ့တာ ၁လနီးပါးရှိပြီ
"ပြေပါတယ် မေမေ .........သားကိုစိတ်မပူပါနဲ့ သားလည်းငယ်တော့တဲ့အရွယ်မှမဟုတ်ပဲ ......မေမေ့ကျန်းမာရေးကိုသာဂရုစိုက်ပါ"
"အင်းပါ ဒါပေမယ့် သားမှာစိတ်ညစ်စရာတွေရှိလာတိုင်း အနည်းနဲ့အများတော့ မေမေ့ကိုတိုင်ပင်စေချင်တယ် မေမေတို့မှာ မိသားစုဝင်ဆိုလို့ဒီနှစ်ယောက်ပဲရှိတော့တာလေ "

أنت تقرأ
နှင်းဆီနီနီ
عشوائيအချစ်က ကိုယ်တို့အတွက် အနီရောင်နှင်းဆီပါပဲ သိပ်ကိုလှပတယ် ဒါပေမဲ့လည်း ဆူးတွေနဲ့လေ