Rated M ပါလို့ ပထမဆုံးရေးတာမို့ အဆင်မပြေရင် သည်းခံပေးကြပါလို့
xxxxxxxxxxxxxxxxxxxxxYunho ကားကို နှင်းဆီနီနီစံအိမ်ထဲသို့ချိုးကွေ့လိုက်သည် ကားပြတင်းတံခါးမှန်တွေကိုအောက်ကိုနှိမ့်လိုက်သည် နှင်းဆီခင်းတွေကို ဖြတ်တိုက်လာသည့် လေညင်းတို့ဟာ နှင်းဆီတို့ရဲ့ ချိုမြန်သောရနံ့တို့ရောစွတ်နေသည်
ညနေ ၈ နာရီအတိ မှာပဲ ပါတီပွဲက လူများနေပြီ အထက်တန်းလွှာ အသိုင်းအဝိုင်းတော်တော်များများကို yunho တွေ့မိသည် အားလုံးက အပြုံးတုတွေဆင်မြန်းထားသည်
သူ စံအိမ်အတွင်းသို့ဝင်လိုက်သည် နှင်းဆီရနံ့တို့ကသင်းထုံနဆဲပင်
သူ changmin ကိုရှာမိသည်
တွေ့ပါပြီ shim changmin
ခန့်ညားမှုအပြည့်နဲ့ မနေ့ကတွေ့ခဲ့တဲ့ ကောင်လေးဟာသူမဟုတ်တော့သလို တည်ငြိမ်မှုအပြည့်နဲ့ changmin က သူ့ကို တွေ့တော့ သူရှိရာကိုလှမ်းလာသည်"လာမယ်လို့ မမျှော်လင့်မိဘူး Yunho ......"
changmin ဆီက သူ့နာမည်ကိုခေါ်သံကြားတော့ yunho ရင်ထဲနည်းနည်းတုန်လှုပ်သွားသည်
တကယ်တော့ အသစ်အဆန်းခံစားမှုတစ်မျိုးသူ့ရင်ကိုရိုက်ခတ်သွားခြင်းသာ"Yunho လို့ခေါ်တာ အဆင်ပြေရဲ့လား ပါတီ မှာဆိုတော့ ရင်းရင်းနှီးနှီးဖြစ်ချင်လို့ပါ ......"
"အဆင်ပြေပါတယ် ကိုယ်လည်း မင်းကို changmin လို့ပဲခေါ်မယ် ......အဆင်ပြေတယ် ဟုတ် "
"ပြေပါတယ် ........."
ဧည့်သည်တစ်ချို့က changmin ကိုလာနှုတ်တက်နေတာနဲ့ yunho လူရှင်းရာ ဘက်ကိုသူရွေ့လာမိသည် သူ့လုပ်ငန်းတွေ ဆုံးရှုံးမှုများလာတဲ့နောက်ပိုင်း လူများရာ အရပ်ကိုသူရှောင်ကြဉ်နေကြပါ
ကိုယ့်ကိုကိုယ် သိမ်ငယ်သွားတယ်လို့ပဲပြောရမလား
တကယ်တော့ သူ့အသက်ရှင်သန်မှုဟာ အားမာန်မပြည့်တာကြာခဲ့ပြီ
ဒီနေ့ပွဲကို သူလာတယ်ဆိုတာကလည်း changmin ကြောင့်သာ changmin ကို သူအကြိမ်ကြိမ် တွေ့ချင်နေမိသည် လူတွေကိုရှောင်ရင်း သူရောက်လာတာက လသာဆောင်ဘက်ကို ကြီးမားတဲ့ နှင်းဆီ ခင်းကြီးက ညမီးအလင်းအောက်မှာ ရဲစိုနေသည် သူမြင်ဖူးသမျှ မြင်ကွင်းတွေထဲမှာ အလှဆုံးပါ ......
အချိန်တွေ ဘယ်လောက်ကုန်သွားလည်း သူသတိမမူမိပါ ဝီစကီတစ်ပုလင်းကို သူအဖော်ပြုပြီး ညအလှကို ခံစားနေမိသည်

YOU ARE READING
နှင်းဆီနီနီ
Randomအချစ်က ကိုယ်တို့အတွက် အနီရောင်နှင်းဆီပါပဲ သိပ်ကိုလှပတယ် ဒါပေမဲ့လည်း ဆူးတွေနဲ့လေ