တွေ့ဆုံမှုတိုင်းမှာ ရေစက်ဆိုတာ ပါပြီးသား ...
တမင် ဖန်တီးထားတဲ့ တွေ့ဆုံမှုတွေတောင် တစ်ခါတစ်ရံ တစ်စက္ကန့်လေးအတွင်း လွဲချော်သွားတတ်သလို ...
ကံတရားရဲ့ ဖန်တီးမှုကြောင့် လူနှစ်ယောက်ဟာ တစ်စက္ကန့်လေးအတွင်း တူညီတဲ့ နေရာတစ်ခုမှာ မလွဲမသာ တွေ့ဆုံရတတ်တယ် တဲ့ ..." Ahn Jae Hee "
အဲ့ဒီ နာမည်သုံးလုံးဟာ အခုထိတိုင် ကျွန်တော့် ဘဝတစ်ခုလုံးကို သိမ်မွေ့စွာ ချုပ်နှောင်ထားတုန်း .. ။
ကျွန်တော့် အသွေးအသားများနဲ့ ထပ်တူကျလျက် ရှိတုန်း .. ။
ကျွန်တော့် ရင်ခုန်သံတွေကို နူးညံ့စွာ စိုးမိုးနေတုန်း .. ။
အချိန်ဆိုတာ နာရီပေါ်မှာ ဖြတ်သန်းပြေးလွှားနေတဲ့ ဂဏန်းအက္ခရာတွေ သက်သက်ပဲ ထင်ရဲ့ ...
" ပထမဆုံးအချစ်ကို ဘယ်တော့မှ မမေ့ဘူး " ဆိုတဲ့ လူတွေရဲ့စကားအတိုင်း ...
နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာသွားကြာသွား အဲ့ဒီ နာမည်ကိုသာ ရေရွတ်မိရင် ဟောဒီ နှလုံးသားတစ်စုံဟာ ခွင့်ပြုချက် မရှိ ပူနွေးလာနေတုန်း .. ။ရှောင်လွှဲခွင့် မကြုံခင် ဆန်းကြယ်စွာ တွေ့ဆုံခဲ့ကြတယ် ... ။
မျက်ရည် လည်မတတ် ... အသည်း နင့်မတတ် ...
ချစ်ခဲ့ကြတယ် ... ။
ပိုင်ဆိုင်ခွင့် ရထားတယ် ဆိုတဲ့ အသိတစ်ခုတည်းနဲ့တင် ...
အတူ ဖန်တီးခွင့် ရတဲ့ နေ့ရက်တိုင်းဟာ အလွန်တရာမှ လှပလွန်းခဲ့တယ် ... ။ဆုံးရှုံးဖို့ဆိုတာ ကျွန်တော်တို့နှစ်ယောက်ရဲ့ အဘိဓာန်ထဲမှာတော့ ဘယ်တုန်းကမှ မရှိခဲ့ဖူးသယောင် ... ။
ခေါင်းအစ ခြေအဆုံး နတ်သမီးလေးတစ်ပါးလို ဖြူစင်လွန်းတာကြောင့် Jae Hee အစား " Ahn Jae " လို့ ကျွန်တော် ချစ်စနိုး ခေါ်တဲ့ သူမ ...
ကျွန်တော့် စကားဆို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ တစ်သွေမတိမ်း ခေါင်းညိမ့်တတ်တဲ့ သူမ ...
အမြဲတမ်း ပြုံးနေလေ့ ရှိတဲ့ သူမ ...
ကျွန်တော့် ဆန္ဒတွေကို ဘယ်တုန်းကမှ မငြင်းဆိုခဲ့ဖူးတဲ့ သူမ ...
YOU ARE READING
If I Have A Chance To Love You (Completed)
Teen Fictionရူးမိုက်ခဲ့ဖူး၏။ ငိုကြွေးခဲ့ဖူး၏။ နာကျည်းခဲ့ဖူး၏။ သို့သော် ကျွန်မ သူ့ကို သိပ်ချစ်၏။