6) Why Me?

2.6K 238 8
                                    

Daeyeol's point of view

တစ်​ကိုယ်​လုံး တောင့်ခဲသွားသည်​။

နှုတ်​က ဘာတစ်​ခွန်​းမှ ပွင်​့အံ ထွက်​မလာခဲ့သလို Nam Woohyun ပြေးထွက်သွားသောနောက်​ လိုက်​ဖို့ ဟန်ပြင်ရင်​း၊ ရုတ်​တရက်​ကြီး ကြမ်းပြင်​​ပေါ် ထိုင်​ရက်သား​ လဲကျသွားသည့် သူမအား ကျွန်တော် ငြိမ်​သက်​စွာ စုံရပ်​ကြည်​့​နေမိ၏။

ကြည်​့ပါလား။
အဲ့ဒါ​ကြောင်​့ ဒီရက်​ပိုင်​း Haein မူမမှန်​ပါဘူးလို့ ​ထင်​​နေတာ။

ဘာဖြစ်​လို့ ဖြစ်​​နေမှန်​း​ မသိ​ပေမယ်​့ အရင်​ကလို အရယ်​အပြုံးလည်​း သိပ်​မရှိ၊ တစ်​ခါတစ်​​လေ တစ်ခုခုကို ​တွေး​နေသလို၊ တစ်​​နေရာကို ​ငေးပြီး ​ကြောင်​​နေတာတေ​ွ မြင်ရုံနဲ့ သူမဆီမှာ ပြဿနာတစ်​ခုခု​တော့ ရှိ​ပြီလို့ ကျွန်​​တော်​ ​တွေးနေမိတာ။

ဒီနေ့ညနေ လမ်းထိပ်​မှာ သူမကို​ ဖျတ်ခနဲ လှမ်​း​တွေ့လို့ "Haein ရေ" ဆိုပြီး အော်​​ခေါ်​လိုက်ပေမယ့် သူမက ကျွန်တော့်ဘက် တစ်ချက်​​လေး​တောင် အဖက်လုပ်ပြီး လှမ်းမကြည့်။

တစ်​​ယောက်​တည်​းသာ စက်ရုပ်​တစ်​ရုပ်​လို တစ်​​နေရာတည်​းကို ဦးတည်​​ သွား​နေတာ မြင်တော့ ​ဘာပါလိမ့် ဟု စိတ်​ထဲ တထင့်ထင်​့နဲ့ နောက်​က​ ထပ်ကြပ်​မကွာ လိုက်​လာမိကာမှ ဒီလို အခြေအနေမျိုးနဲ့ ကြုံရသည်။

အခု ကျွန်​​တော်​ ကြုံ​တွေ့လိုက်​ရတဲ့ အခြေအနေက ချက်​ချင်​း နားလည်​ဖို့အတွက် အရမ်းကို ရှုပ်ထွေးနေလို့ ဘာကိုမှ တိတိကျကျ မဆုံးဖြတ်​တတ်​​သေး​ပေမယ်​့၊ သေချာ၏။

Haein တစ်​ခုခု​တော့ ဖြစ်​​နေပြီ။

"Haein - ah"

ဒူးထောက်ထိုင်​ရက်​သား လဲကျ​နေတဲ့ သူမဆီ တ​ရွေ့​ရွေ့ တိုးကပ်​လာရင်​း ခပ်တိုးတိုး ​ရေရွတ်​လိုက်​​သော်ငြား တုန်​့ပြန်​သံ ထွက်​မလာ။
မျက်​ရည်​​များ တစ်စက်​ပြီးတစ်​စက်​ စီးကျ​ရင်​းသာ ကြမ်​းပြင်​ကို တွေတွေကြီး စိုက်​ကြည်​့​နေ​လေရဲ့။

If I Have A Chance To Love You (Completed)Où les histoires vivent. Découvrez maintenant