16) You don't understand, you don't love me

1.8K 192 20
                                    

Haein's POV

Woollim အဆောက်အအုံရှေ့ ရစ်သီရစ်သီ လုပ်လွန်း၍ သန့်ရှင်းရေး ဝန်ထမ်းများသည်ပင် ကျွန်မကို မှတ်မိနေပြီ ထင်ပါရဲ့။

NIT Cafe မှာ တစ်နေကုန် ထိုင် ..
" သူ ရောက်များ လာမလား " မြူမှုန်ထက်ပင် ပို သေးငယ်သော ထို မျှော်လင့်ချက်ကလေးနှင့် စောင့်စားနေမိပေမယ့် ...

Dorm ရှိရာ မမောနိုင်မပန်းနိုင် အခေါက်ခေါက်အခါခါ သွားကာ ထူးခြားမှု ရှိသလား ဟိုဟိုဒီဒီ စုံစမ်း မေးမြန်းနေမိပေမယ့် ....

သူသည် Woollim အဆောက်အအုံထဲမှလည်း ထွက်မလာ။

အရင်လို NIT တွင်လည်း ကော်ဖီ လာ မသောက်။

ထူးခြားမှု ဆိုလို့လည်း တစ်စုံတစ်ရာ မရှိ။

Social Network မှရော... အခြား တစ်ဆင့် စကားများမှပါ သူနှင့် ပတ်သက်သော သတင်း တစ်ခုတစ်လေ ကွယ်ပျောက်နေခြင်းသည် တမြေ့မြေ့ဖြင့် ကျွန်မ ရင်ဘတ်ကြီးကို မီးနှင့် မြိုက်နေသည့်အလား။

ဘယ်လိုမှ မနေနိုင်တော့၍ " အခွင့်အရေး ယူတယ် ထင်ရင်လည်း ထင်ပါစေတော့ " ဟု ဆင်ခြင်တုံ တရားများ ဘေးချိတ်ကာ ဖုန်း ဆက်ကြည့်ပါသော်လည်း ဖုန်း ပိတ်ထားသည်နှင့် တိုးရသည်။

စက္ကန့်တိုင်း .. မိနစ်တိုင်း .. နာရီတိုင်း ..
သူ့ကို သတိရသည့် စိတ်တစ်ခုဖြင့် ရင်တွေ ပူလောင်နေရသည်။
မျက်ရည်တွေသည်လည်း အဆီးအတားမရှိ လျှံကျနေရသည်။

သို့ပေမယ့် ဒါတွေ သူကတော့ သိနိုင်မည် မထင်ပါ။

ကျွန်မ နည်းတူ အခြား Fan များသည်လည်း သုံးရက်တိုင်တိုင် စာ မလာ သတင်း မကြားသော သူနှင့် ပတ်သက်ပြီး အတော်အသင့် စိတ်ပူစ ပြုနေကြပြီ။
စိုးရိမ်တကြီး သောင်းကျန်းသူများပင် ရှိနှင့်နေပြီ။

Twitter တွင် #남우현돌아와 #우현아어딨니 (# Nam Woo Hyun ပြန်လာပါတော့ # Woo Hyun- ah ဘယ်တွေ ရောက်နေတာလဲ) အစရှိတဲ့ Hashstag များဖြင့် South Korea တစ်နိုင်ငံလုံး အတိုင်းအတာအရ Trend အများဆုံးတွေတောင် ဖြစ်လို ဖြစ်။

ဒါတောင် ခုချိန်ထိ သူ ဘယ်ရောက်နေသလဲကို တိကျစွာ မသိရှိရသေး။

သေချာသည်ကတော့ တရားဝင် မဟုတ်သော်ငြား သူသည် ကျွန်မတို့အားလုံးရဲ့ ရှေ့မှောက်မှ လျှို့ဝှက်ဆန်းကြယ်စွာ ခေတ္တခဏ ပျောက်ဆုံးလို့ သွားခဲ့ခြင်းပင်....။

If I Have A Chance To Love You (Completed)Where stories live. Discover now