4) Coincidently

3.1K 255 18
                                    

Haein's point of view

​​ကျောင်​းခန်​းထဲ ဝင်​လာတဲ့ ​ခြေလှမ်​း​တွေက ဒီ​နေ့​တော့ ခါတိုင်​းလို သွက်​လက်​မ​နေဘဲ သိသိသာသာ ​လေးပင်​​နေခဲ့သည်​။

အရင်​ကဆို အတန်​းထဲဝင်​လာရင်​ "GOOD MORNING" လို့ အသံပြဲကြီးနဲ့ အော်ဟစ်နှုတ်​ဆက်​တတ်​တဲ့ ကျွန်​မ၊
ဒီ​နေ့​တော့ ဘာအသံတစ်သံမှမထွက်​ဘဲ ခေါင်းသာ ငိုက်​စိုက်​ချလာခဲ့သည်။

"YU HAE IN! နင်​ ဒီကိုလာဦး! မြန်​မြန်​လာ မြန်​မြန်​လာ ​စစ်ဆေး​မေးမြန်​းစရာ​တွေရှိတယ်​ မြန်​မြန်​လာ"

MinNa က မနက်​​စော​စောစီးစီးကတည်​းက အာကျယ်​အာကျယ်​နဲ့ စတင်​ ​နားပူနားဆာပြု​နေပြီ။

"​ကောင်​မစုတ်​ နင်​ မ​နေ့က ဘယ်​ကို​မြေလျှိုး မိုးပျံသွားတာလဲ​ ​ပြောစမ်​းပါဦး"

ပွစိပွစိ​ရေရွတ်​​နေတဲ့ MinNa ​ဘေးမှာ ကျွန်​မ ဝင်​ထိုင်​လိုက်ပြီး ​"Hmm" ခနဲ စိတ်​ပျက်​လက်​ပျက်​ သက်ပြင်းချ​တော့ MinNa က မျက်​​မှောင်​ကုတ်​၏​။

"မနက်​ခင်​းကတည်​းက သက်​ပြင်​းသံ​တွေနဲ့ ဘယ်လိုဖြစ်​​တာတုန်း?
အခုထိ ​နေမ​ကောင်​း​သေးလို့လား?"

ကျွန်​မ ​ခေါင်​းခါလိုက်​သည်​။

"မဟုတ်​ပါဘူးဟာ.. မ​နေ့ညက မက်​တဲ့အိပ်​မက်​ကြီး​ကြောင်​့ စိတ်​ထဲ​လေး​နေလို့..."

"ဘာအိပ်​မက်​မို့လို့လဲ?"

MinNa ​မေးလိုက်​မှ ညကမက်​ခဲ့တဲ့ အိပ်​မက်​ကို တစ်ခါထပ် ပြန်​မြင်​​ယောင်ပြီး ​ကျောထဲ​စိမ်​့လာ​တာကြောင်​့ ဆက်​မ​တွေးဘဲ ​ခေါင်​းကို ဟိုဘက်​ဒီဘက်​ ခပ်​ကြမ်းကြမ်​း ခါမိ၏။

"ထားလိုက်​​တော့ ဘာမှမဟုတ်ဘူး"

"ကဲ ပြောစမ်းပါဦး မနေ့က ရုတ်​တရက်​ ​မြေလျှိုးမိုးပျံသွားရတဲ့ အကြောင်​း​လေး"

"မ​နေ့က? Ahh.. မနေ့က ​ခေါင်​းမူးလို့ Taxi ငှားပြီး အိမ်ပြန်​သွားတာ​.. အစက နင်​တို့ကို ဖုန်း ဆက်​​ပြောမလို့ပဲ ဒါပေမယ်​့ အိမ်​​ရောက်​​တော့ မျက်​လုံး​တောင်​ မဖွင့်နိုင်​​တော့ဘဲ အိပ်​​ပျော်​သွားတာ ခု မနက်​မှနိုးတယ်.. ဟီး"

If I Have A Chance To Love You (Completed)Donde viven las historias. Descúbrelo ahora