18) Crime

2K 187 15
                                    

Woohyun's POV

ဒူးမထောက်ရုံတစ်မယ် ဝပ်တွား တောင်းပန်နေရင်းက လက်ဖဝါးပြင်ကို အားကိုးတကြီး ဆုပ်ကိုင်ထားတဲ့ အဲ့ဒီ အေးစက်စက် လက်ချောင်းများဟာ တဆတ်ဆတ် တုန်ရီလို့ ... ။

ပါးပြင်ပေါ် ပိုးပိုးပေါက်ပေါက် စီးဆင်းကျနေသည့် မျက်ရည်စက်တွေနှင့်အတူ နှုတ်မှလည်း " မလုပ်ပါနဲ့ .. မလုပ်ပါနဲ့ " တမြည်မြည် အော်ဟစ်လျက် ဦးခေါင်းကို အကြိမ်ကြိမ် တတွင်တွင် ခါယမ်းလို့ ... ။

မမြင်ပါရစေနဲ့တော့ ..

ဒီထက် ပို ကြည့်ရက်တဲ့ ခွန်အားလည်း မရှိတော့လို့ ကျေးဇူးပြုပြီး ဒီလောက်နဲ့သာ ပျောက်ကွယ်သွားပေးပါတော့ ..

" Hyun- ah .. ငါ.. ငါ သိတဲ့ နင်က အဲ့လို မဟုတ်ဘူးလေ .. နင် ဘာတွေဖြစ်နေတာလဲ ?
အလုပ်တွေ အရမ်း ပင်ပန်းလို့ စိတ်ရှုပ်နေတာလား ? ငါက နင့်အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေလို့လား ?
ဒါ.. ဒါပေမယ့် .. ငါလေဟ .. ငါ ..
နင့်ရဲ့ Ahn Jae လေ ..
ဟိုးအရင်က နင် အသည်းနင့်အောင် ချစ်ခဲ့ဖူးတဲ့ .. အခုထိလည်း နင် ချစ်နေသေးတဲ့ Ahn Jae လေ ..
နင့်.. နင့်ရဲ့ Ahn Jae Hee လေ .. "

" ..... "

" ဘာလို့လဲ ? ဟင် ? Hyun- ah .. ဘာလို့လဲ ? ဘာ.. ဘာလို့ ငါနဲ့ ထပ် မတွေ့တော့မှာလဲ ? ဘာလို့လဲ ? ငါ.. ငါ နင့်အပေါ် ဘာအမှားတွေ လုပ်မိလို့လဲ ?
နင် ငါ့ကို မချစ်တော့လို့လား ?
ဒီလောကကြီးမှာ အကောင်အထည်အနေနဲ့ မရှိတော့တဲ့ ငါက တဖြည်းဖြည်း နင့်အတွက် အရာ မဝင်တော့လို့လား ? ဟုတ်လား ? "

နှုတ်ခမ်းတွေကို ဖွင့်ဟလို့ ဆိုလိုက်သော ထို စကား အခွန်းတိုင်း အခွန်းတိုင်းသည် ရင်ဝကို အရှိန်ပြင်းပြင်း လာရောက် ထိုးစိုက်နေသည့် သံချွန်တွေအလား .. ။

တော်ပါတော့ .. Ahn Jae ရယ် ..

တော်ပါတော့ ..

" ငါ့ဘဝမှာ ချစ်ခဲ့ဖူးတဲ့ ယောကျ်ားဆိုလို့ နင်တစ်ယောက်တည်းပဲ ရှိတာ နင် သိရက်သားနဲ့ ..
မလုပ်ပါနဲ့ .. အဲ့ဒီ နောက်ဆုံး ဆိုတဲ့ စကားကို မပြောပါနဲ့ဟာ ... ကျေးဇူးပြုလို့ ငါ တကယ် အနူးအညွတ် တောင်းပန်ပါတယ် ..
နောက်တစ်ခါ ထပ်ပြီး အဲ့လိုစကားတွေ မပြောပါနဲ့တော့ ..
ငါ .. ငါ ဘယ်လိုမှ နင့်ကို မစွန့်လွှတ်လိုက်နိုင်တာလည်း နင် အသိဆုံးကို .. "

If I Have A Chance To Love You (Completed)Wo Geschichten leben. Entdecke jetzt