3) HER nightmare becomes MINE

3.3K 263 7
                                    

Haein's point of view

​တိတ်​ဆိတ်​​ခြောက်ကပ်နေတဲ့ ကျွန်​မရဲ့ အမည်းရောင် ကမ္ဘာကြီး ပြန်​လည် အသက်ဝင်​လာစဉ်၊​ ပထမဦးဆုံးအ​နေနဲ့​ တွေ့မြင်လိုက်​ရသည်က ကြယ်တွေထက် ပိုလင်းသော စူးရှရှ မျက်​ဝန်​း။

နေပါဦး၊
ကျွန်​မ အဲ့ဒီမျက်​ဝန်​းတွေကို အရမ်​း ရင်​းနှီး​နေသလိုပဲ။

နှာ​ခေါင်​း။
ဖြောင်​့တန်​းပြီးချွန်​မြ​နေတဲ့ အဲ့ဒီ နှာ​ခေါင်​း​ရောဘဲ။

ပြီး​တော့ အဲ့ဒီ နှုတ်​ခမ်​း​။

ခံစားမှုမဲ့ Poster ​ပေါ်က​နေသာ အမြဲတမ်​း အနမ်​း​​တွေ ပေးခဲ့ရ​သော ကျွန်​မ ပိုင်​ဆိုင်​ခွင်​့မရှိတဲ့သူ့ရဲ့နှုတ်​ခမ်​း​တွေနဲ့ ဆင်တူလိုက်​တာ။

ကျွန်​မ အိပ်​မက်​​တွေ မက်​​နေတာလား။

ဒါမှမဟုတ်​ ​သေပြီး နတ်​ပြည်​ ​ရောက်​သွားတာလား။

အဲ့လိုဆိုရင်​ အခု ကျွန်​မကိုကြည်​့​နေတဲ့သူက နတ်​ပြည်​​ပေါ်က နတ်​​သား​လေး​များလား။

"တော်သေးတာပေါ့၊ သတိရလာပြီ"

သူ့ကိုယ်သူ စိတ်သက်သာရာရအောင် အားဖြည့်လိုက်သလား မသေချာတဲ့ လေသံ တိုးတိုးညှင်​းညှင်းလေးတစ်​ခုက နားစည်အတွင်းသို့ ညင်​သာစွာ ထိုး​ဖောက်​ပြီး နှလုံးသားထဲ သိမ်မွေ့စွာ စီးဝင်​၏​။

အိပ်​မက်​တစ်​ခုလား။

အခုအခိုက်​အတန်​့​လေးက သိမ်​​မွေ့ပြီး ညှို့ငင်​နိုင်​စွမ်​း​တွေ ပြည်​့​တဲ့ အိပ်​မက်​တစ်​ခုကို ကျွန်မ မက်မြင်​နေစဉ်​လား။

"ရလား? အဆင်ပြေလား?"

​နောက်​တစ်​ကြိမ် ထွက်​​ပေါ်လာ​သော နူးညံလွန်းတဲ့ ထိုအသံ​။
ဒီတစ်ခါတော့ ကျွန်မအား သေသေချာချာ ရည်ရွယ်ပုံပေါက်သည်။

​ကျေးဇူးပြုပြီး.. ။ ဒါဟာ အိပ်​မက်​တစ်​ခုဆိုရင်​လည်​း ဒီအိပ်​မက်​ထဲက​နေ ကျွန်မကို ဘယ်​​တော့မှ နိုးထခွင်​့မ​ပေးပါနဲ့​တော့လား .. ။

Huh?? ခဏ​နေပါဦး!!

အိပ်​မက်​ ??!!
ကျွန်​မ အခု အိပ်​မက်​လို့ ​ပြောလိုက်​မိတာလား ???!!!

If I Have A Chance To Love You (Completed)Onde histórias criam vida. Descubra agora