7) Destiny means...

2.5K 244 11
                                    

Haein's point of view

​စေ့ထားသည့် နှုတ်​ခမ်​းတစ်​စုံကို ခပ်​ဖွဖွ ဟပြီး၊ ရှူထုတ်​လိုက်​သော သူ့ရဲ့ အသက်​ရှူ​ငွေ့လေး​တွေကို​တောင်​ သိပ်​ မနာလိုဖြစ်​တာပဲ။

သူများ​တွေ အမြင်​မှာ​ ဘာမှ မထူးခြား​လောက်​​ပေမယ်​့ ကျွန်​မ အတွက်​​တော့ သူ အသက်​တစ်​ခါ ရှူ​တိုင်​း မီတာ တစ်ထောင် အပြေးပြိုင်​ပွဲမှာ အသက်​လုပြီး ​ပြေးနေရသလို အသက်​ရှူ​ ကျပ်​ကျပ်​လာတာ​တွေ။

သူ့ နဖူး​ပေါ်က ချွေးစက်​​လေး​တွေကို သုတ်​​ပေးခွင့်ရတဲ့ အဲ့လက်​ကိုင်​ပုဝါ​လေး ဖြစ်​ချင်​လိုက်​တာ။ ဒါမှမဟုတ်​ အဲ့​ချွေးစက်​​လေး​တွေပဲဖြစ်​ဖြစ်​​ပေါ့။

Stage ​အောက်​မှာ အား​ပေး​နေတဲ့ Fan ​တွေကို​ ​လှမ်းငေးကြည်​့ရင်​း သူရဲ့တည်​ရှိမှုက ဘယ်လောက်​​ တန်​ဖိုးရှိမှန်း သတိရသွားတိုင်​း ဘာစကားတစ်ခွန်းမှ မပြောနိုင်​ဘဲ ဝမ်းသာလွန်းလို့ တရှုံ့ရှုံ့နဲ့ ​ခေါင်းငိုက်​စိုက်​ချ ငို​ကြွေးရင် Stage ​ပေါ် ​ပြေးတက်​သွားပြီး ခဏ​လေးပဲဖြစ်​ဖြစ်​ ဖက်​ထား​ပေးချင်​ခဲ့မိတာ။

သူ မျက်​​တောင်​​လေးတစ်​ချက်​ ခတ်​လိုက်​တာ...
မျက်ခုံး​ပေါ်က ​​ချွေးစို​နေတဲ့ ဆံပင်​​​​တွေကို လက်ချောင်​း​တစ်​​ချောင်​းနဲ့ သတ်တင်​လိုက်​တာ​...
နှုတ်​ခမ်​း​လေး ဟပြီး သူ စကား​တစ်​ခွန်​း ​ရေရွတ်​လိုက်​တာ​ကအစ၊ အဆုံးစွန်​​ပြောရရင်​ သူ ​ချောင်းဆိုးတာ​အထိ၊ အားလုံး။
သူ့ရဲ့အရာအားလုံး၊ သူ့ရဲ့အပြုအမူ​အားလုံးက ဘာပရိယာယ်​မှ မသက်​​ရောက်​ပဲနဲ့ကို ကျွန်မအတွက်​ ဘယ်​​တော့မှ မငြီး​ငွေ့သွားဘဲ ထပ်ခါထပ်​ခါ ​ငေးကြည့်နေချင်​မိတဲ့ အရာ​တွေ ဖြစ်​ခဲ့တာ။

သူ့ကို ​ငေးကြည်​့​နေရရင်​ မျက်​​တောင်​ခတ်​မိမှာကို​တောင်​ ကျွန်​မ စိုးရိမ်​​နေမိတာ။

အ​ရှေ့မှာရှိ​နေရက်​နဲ့ မျက်​​တောင်​ခတ်​လိုက်​လို့ သူ့ကို ​မတွေ့လိုက်​ရတဲ့ စက္ကန်​့ဝက်​​လောက်​​လေးကို​တောင်​ ကျွန်မမှာ နှ​မြော​နေမိတာ။

မဖြစ်​နိုင်​မှန်​းသိ​ပေမယ်​့ နေ့တိုင်​း အချိန်​တိုင်​း သူ့ကို ကျွန်​မ မြင​်​နိုင်​တဲ့​နေရာမှာပဲ ရှိ​နေ​စေချင်​ခဲ့တာ။

If I Have A Chance To Love You (Completed)Opowieści tętniące życiem. Odkryj je teraz