17) The Last

2.1K 210 23
                                    

Woo Hyun's POV

" မလုပ်နဲ့ Ahn Jae ...
အဲ့လို လုပ်လို့ မဖြစ်ဘူး ... တကယ် မဖြစ်ဘူး ... မလုပ်နဲ့ ... "

ကျွန်​​တော်တို့ စီးနင်းနေသော ကားသည် ကျိန်းစပ်စပ် အလင်းရောင်တွေဆီ မျက်နှာမူ ဦးတည်ထားလျက် ... ။

Driver ခုံပေါ်တွင်တော့ Ahn Jae ... ။

သူမ မျက်ဝန်းတွေသည် ဟိုးအရင် သူမ မျက်ဝန်းတွေလို မဟုတ် ... ။

စိမ်းသက်နေသည်။ ခက်ထန်နေသည်။ အေးစက်နေသည်။

" Ahn Jae !!! ကားကို ခုချက်ချင်း ရပ်လိုက် ! ဆက်မမောင်းနဲ့ !
ဒီအတိုင်း ဆက်မောင်းရင် ငါတို့ တကယ် သေကုန်လိမ့်မယ် !! "

ကျွန်​​တော့် အသံတွေထဲ ကြောက်လန့် တုန်လှုပ်မှုတွေအပြင် ဒေါသ အနည်းငယ်ပါ ရောယှက်လို့ နေခဲ့၏။

သူမ ပြုံးသည်။

နေဦး .. ပြုံးသည် ? ပြုံးလိုက်သည်တဲ့လား ?
ဖြူစင်တဲ့ ကျွန်​​တော့်ရဲ့ Ahn Jae အတွက် ဘယ်လိုမှ မလိုက်ဖက် မအပ်စပ်သော အဲ့ဒီ မဲ့ပြုံးတွေနှင့်လေ ?

" ငါတို့ ? "

သူမရဲ့ အက်ကွဲကွဲ လေသံများထဲ နာကျည်းမှုတွေ အပြည့် ကိန်းအောင်းနေသည်။

" Yu Hae In သေမှာ အဲ့လောက် ကြောက်လား ? "

ပြုံးပြန်ပြီ .. အဲ့ဒီ မဲ့ပြုံးတွေ ... ။

ဟင့်အင်း .. ဒါ ကျွန်​​တော့် Ahn Jae မဟုတ်ဘူး။ ကျွန်​​တော် ချစ်ရတဲ့ Ahn Jae ဟာ ဘယ်တုန်းကမှ ဒီလို မပြုံးခဲ့ဖူးဘူး။

" ကားရပ်လိုက် Ahn Jae ... ကျေးဇူးပြုပြီး ကား ရပ်လိုက် ... "

သူမ ကျွန်​​တော့်စကားကို နားမထောင်ဘဲ ကားကို အရှိန် ပိုမြှင့်လိုက်သည်။

ကုန်တင်ကားကြီး၏ မီးအလင်းရောင်တွေသည် ကျွန်​​တော်တို့ဆီ ပိုနီးကပ်လာနေပြီ။

မဖြစ်ဘူး .. အရှေ့ကို ဒီ့ထက် ဆက်တိုးလို့ တကယ် မဖြစ်ဘူး။

" သေရအောင် ...
ငါတို့ တူတူ သေကြမယ်လေ Hyun- ah .. နော် ?
ငါ ပြန်မရှင်နိုင်တဲ့ အဆုံး နင် သေပေးလို့ ဖြစ်တာပဲ မဟုတ်ဘူးလား ?
နင် ငါ့ကို ချစ်တယ်မှတ်လား ? နင်လည်း .. နင်လည်း ငါ မရှိဘဲ မနေနိုင်ဘူးမှတ်လား ? ငါလည်း အဲ့လိုပဲ .. နင် မရှိလို့ လုံးဝ မဖြစ်ဘူး ...
ငါတို့ အတူတူ သေပြီး ကောင်းကင်ဘုံမှာ ပြန်ဆုံကြမယ်လေ ..
အဲ့လိုဆို ငါတို့ ထပ်ခွဲစရာအကြောင်း မရှိသလို တစ်ချိန်လုံးလည်း တူတူ ရှိနေနိုင်တော့မှာ Hyun- ah ... "

If I Have A Chance To Love You (Completed)Wo Geschichten leben. Entdecke jetzt