23) Leave or Come

2.4K 211 29
                                    

So Ha's POV

နှုတ်ခမ်းတစ်စုံပေါ်က သက်ဆုံးတိုင် စွန့်ခွာသွားပြီ ထင်ခဲ့တဲ့ အပြုံးတွေဟာ
ဤ နှလုံးသားရဲ့ ချောင်ကျကျ တစ်ထောင့် တစ်နေရာထဲ
ဘယ်သူမှ ရှာမတွေ့အောင် တိတ်တိတ်ကလေး သွားရောက် ပုန်းအောင်းနေလိမ့်မည်မှန်း
ဘယ်လိုများ ကြိုတင် သိရှိခဲ့မတဲ့လဲ ?

ပျော်ရွှင်မှု .. ။

မဟုတ်သေးဘူး ..

လှိုက်ဖိုမှု လို့ ဆိုရမှာလား .. ။

ဘာမှန်းရယ်လို့ တိကျစွာ နားမလည်သော်ငြား
အင်မတန်ကို အစိမ်းသက်သက် ဆန်လွန်းနေသည့် စိတ်ရှုပ်ဖွယ် ဝန်ထုပ်ဝန်ပိုး တစ်မျိုး ဆိုတာတော့ သေချာရဲ့။

' မင်း ငါ့ရှေ့က ထပ်ပြီး ပျောက်သွားခဲ့ရင် ...

အဲ့အခါ မင်းကို ထွက်သွားခွင့် ပေးမိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်လို့ ဆုံးတော့မယ် မထင်ဘူး ... '

ဒါမှမဟုတ် ..
တစ်စက်ကလေးမှ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသော မုန်းတီးစရာ ခံစားမှုအသစ်တစ်ဖုံ အဖြစ် တင်စားရ ကောင်းမလား ?

" ဒီမှာရှင့် ...
ဒီကို အမဲသားသုံးယောက်စာ နောက်ထပ်တစ်ပွဲ ပေးပါဦး "

ဘယ်တုန်းကမှ အရှည်ထားလေ့ မရှိတဲ့ လက်သည်းတိုတိုတွေကို တဖြောက်ဖြောက် ကိုက်လို့
မျက်ဝန်းများအား တစ်နေရာ တစ်ဒေသတည်း၌ ဦးတည် ကျောက်ချရင်း
ငူငိုင်စွာ စုံ ရပ်နေမိသော ကျွန်မသည်
မသိရင်ပဲ
ကမ႓ာ့ အပြင်ဘက်က လေဟာနယ်မဲ့ အရပ်တွင် သွားရောက် မွေ့ပျော်နေသည့် စာခြောက်ရုပ် တစ်ကောင် အလား။

" ဒီမှာရှင့် ... "

' ငါ ဒီ တစ်လ လုံးလုံး ဘယ်လောက်တောင် မင်းကို အရူးတစ်ယောက်လို လိုက်ရှာခဲ့ရသလဲ မင်း သိရော သိရဲ့လား ? '

ခွမ်းးးး ခနဲ ကျကွဲသွားသော အောက်ခံ ပန်းကန်ပြား တစ်ချပ်က
မပျောက်ဆုံးသွားသေးသည့် ကမ႓ာမြေကြီးရဲ့ ဆွဲငင်အားအချို့ကို ကိုယ်စားပြု၏။

" So Ha ရေ ... နည်းနည်းလောက် အာရုံလေး စိုက်ဦးကွယ် "

Sung Yeol အမေဟာ အကောင်းအတိုင်း ရှိနေသေးသော စွပ်ပြုတ်ပန်းကန်လုံးအား ကျွန်မဆီမှ အမြန် လက်လွှဲ ယူကာ ဘေးဝိုင်းကို သွားချပေးသည်။

If I Have A Chance To Love You (Completed)Hikayelerin yaşadığı yer. Şimdi keşfedin