15) Even if I can't have you, I can't lose you

2K 200 24
                                    

ခပ်မှိန်မှိန် လရောင်ကြောင့် ဤ အနက်ရောင် မြေပြင်ထက် အရိပ်မည်းအချို့ ထင်ဟပ်နေသည်။

အားအင် ချိနဲ့သော ခြေလှမ်းသံ တစ်ခုက ဦးဆောင်လျက် ...
ခပ်စိပ်စိပ် ခြေလှမ်းတို့ အနောက်က တကောက်ကောက် လိုက်ပါလာသံ။

လေထုဟာ စိမ်းသက်လို့...။

ပတ်ဝန်းကျင်ဟာ ငြိမ်သက်လို့...။

မနှစ်မြို့ဖွယ် ကောင်းသော အငွေ့အသက်တစ်ချို့ ပျံ့လွင့်စ ပြုလို့...။

" တစ်ပတ်ပြည့်ပြီ ကလေးမ "

ခွန်အား နည်းစွာဖြင့် အရှေ့ကို လှုပ်ရှားနေမိသော ..
မကြာခင် ညွတ်ကျတော့မည့် ဆဲဆဲ ... ခြေထောက်တွေကို ခေတ္တခဏ ရပ်တန့်စေလိုက်ရင်း တစ်ပတ်လုံးလုံး ရေ တစ်ဗူးထက် ပို မသောက်ခဲ့ရလို့ ခြောက်သွေ့ ပုံပျက်နေတဲ့ နှုတ်ခမ်းတွေအား ခပ်တင်းတင်း ဖိကိုက်လိုက်သည်။

" ဘဝပြောင်းဖို့ အချိန်တန်ပြီ "

ခြေလှမ်းသံတွေ ပို နီးကပ်လာသလို အရိပ်မည်းများလည်း ပိုမို ပုံသဏ္ဍာန် ပေါ်လာတဲ့အခါ ...

မကြာခင် ခံစားရတော့မယ့် အတောမသတ်နိုင်သော နာကျင်မှုတွေကို ကြိုတင် ခန့်မှန်းလိုက်မိပေမယ့် ...

တော်ပါပြီ ..

ရှောင်မနေပါနဲ့တော့...။

ထွက်လည်း ပြေးမနေပါနဲ့တော့...။

ရက်စက်မှုတွေ နာကျင်မှုတွေကို အသားကျတဲ့ လူတစ်ယောက် ဖြစ်နေခဲ့ပြီပဲ ... ဒီအတိုင်း ကျေကျေနပ်နပ်သာ သေလိုက်စမ်းပါတော့...။

" ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်​ တန်ဖိုး ထားကြည်​့စမ်​းပါ...
မင်​းက တန်​ဖိုးရှိပါတယ်​...
ဘယ်သူ့အတွက်​မှ တန်​ဖိုးမရှိရင်​​တောင်​ မင်​းကိုယ်​တိုင်​အတွက်​​တော့ မင်​းက တန်ဖိုးအရှိဆုံးပါ "

နားထဲ ပဲ့တင်ထပ် လာတဲ့ ထိုအသံ ...။

ရင်ဘတ်တစ်ခုလုံး ကြေမွသွားတဲ့ ခံစားချက်ရဲ့ နောက်မှာ ပူနွေးသော မျက်ရည် တစ်စက်သည် ခြောက်သွေ့သည့် ပါးပြင်ထက် ကြွေကျလာသည်။

ဆံပင်စတွေကို ဆောင့်ဆွဲခံလိုက်တဲ့ နာကျင်မှုထက် ...

ကျောက်နံရံဆီ ခြေထောက်နှစ်စုံ သုံးစုံနှင့် အရိုးများ ကြေသွားမတတ် ရက်ရက်စက်စက် ပစ် အကန်ခံလိုက်ရတဲ့ နာကျင်မှုထက် ...

If I Have A Chance To Love You (Completed)Tempat cerita menjadi hidup. Temukan sekarang