19) The End ?

2.3K 220 19
                                    

အဆုံးသတ်တိုင်းဟာ နာကျင်စရာ ကောင်းမနေနိုင်ဘူး

အဲ့လိုဆိုတိုင်း အားလုံးသော အဆုံးသတ်တွေဟာ ပျော်ရွှင်ဖို့ ကောင်းတယ်လို့ ဆိုလိုတာလည်း မဟုတ်ပြန်ဘူး

•••

Haein's POV

မျက်လုံးတွေကို စုံမှိတ်ချလိုက်သည်။

မကြာခင်မှာ တစ်ကိုယ်လုံး စိစိညက်ညက် ​ကြေသွား​တော့မှာတဲ့လား ?

အသည်းတွေ အူတွေ ဟိုတစ်စ ဒီတစ်စ လွင့်လို့ ပုံပျက်ပန်းပျက် သေဆုံးသွားတော့မှာတဲ့လား ?

လောကကြီးဟာ တကယ်ပဲ Yu Hae In ဆိုတဲ့ ကျွန်​​မအပေါ် အဲ့လောက်ထိ ရက်စက်လိုက်တော့မှာတဲ့လား ?

မျက်ရည်တစ်စက်သည် မှိတ်ထားသော မျက်ဝန်းများကြားမှ ညာဘက်ပါးပြင်ပေါ် တိတ်တိတ်ဆိတ်ဆိတ် စီးကျလာသည်။

နာကျည်းမှု၊ ပူဆွေးမှုတင်မက ထိတ်လန့်ကြောက်ရွံ့မှုများပါ ရင်ဘတ်တစ်စုံအတွင်း ဗလောင်ဆူစွာ လှိုက်တက်လာရာက ဒူးခေါင်းတွေ တဆတ်ဆတ် တုန်ယင်လာသည်။

နီးကပ်လာတဲ့ ကားဘီး တကျွီကျွီ လှိမ့်သံ ... ။

ရွေ့လျှားရှောင်တိမ်းချင်ပေမယ့် ရွေ့လျှားဖို့ အားအင် မရှိသည့် ခြေထောက်များ ... ။

ပြီးဆုံးသွားတော့မည်။

မကြာခင်မှာ အရာအားလုံး ပြီးဆုံးသွားတော့မည်။

တစ်စက္ကန့်ချင်း ပိုမို နီးကပ်လာနေပြီ ...

ကား ဦးခေါင်းပိုင်းဟာ တဖြည်းဖြည်း ပိုမို နီးကပ်လို့ လာနေပြီ ...

ပိုမို နီးကပ်လို့ ... လာ ...

" ဒုန်း !!!!! " အသံနောက်မှာ လေထုပေါ် လွင့်မျော မြှောက်တက်သွားသည့် ခန္ဓာကိုယ်တစ်ခု...........

ထိုကဲ့သို့ ခန္ဓာကိုယ်တစ်ခုအား တစ်ထစ်ချ မျှော်လင့်ထားခဲ့ပါသော်လည်း ဝူးခနဲ ဖန်တီးနေသော အသံတစ်ချို့သည် အံ့သြဖွယ် ကောင်းအောင် ရုတ်တရက်ဆိုသလို ရပ်တန့်သွားသည်။

If I Have A Chance To Love You (Completed)Where stories live. Discover now