21) Stranger

2K 217 32
                                    

Haein's POV

Stage ပေါ်တွင် ပျော်ရွှင်စွာ စိတ်လွတ်လက်လွတ် ခုန်ပေါက်မြူးထူးနေသော ပုံရိပ်တစ်ခုက မျက်ရည် ဟူသည့် တရားခံများအား ဖမ်းဆီးပေးရင်း အမြင်အာရုံတစ်ချို့ကို ရုတ်ချည်း ဝေဝါးလာစေသည်။

" Live " ဆိုသော မျဉ်းတန်းကလေးသည် TV ၏ ဘယ်ဘက်ထိပ်ထောင့်ပေါ်၌ အခန့်သား။

ကွေးညွတ်နေကြသည့် ထို အနီရောင် နှုတ်ခမ်းတို့ဟာ ဖန်သားပြင်တစ်ခု ကာဆီးထားသည့်ကြားမှပင် ဟောဒီက နှလုံးသားထဲသို့ ထောင်ချီသော မြှားအစင်းရေပေါင်းများစွာဖြင့် လာရောက် ပစ်ခတ်နိုင်စွမ်းတို့ ရင့်သန်နေသေးရဲ့။

သူ ရယ်နေရင် .. ကျွန်မ .. သိပ် မုန်းတာပဲ ..

🎵 나의 심장은 나를 위해 뛰는 걸 ~ 🎵

မျက်လုံးတစ်ဖက်အား ခပ်သာသာ မှိတ်လို့ လက်ညှိုးနှင့် လက်မတို့ဖြင့် အသည်းပုံတစ်ခု ဖော်ကာ တောက်ပသည့် သူ့ အပြုံးချိုချိုများ TV ဖန်သားပြင်ကို နောက်တစ်ကြိမ် ရိုက်ခတ်လာတဲ့အခါ ဝေ့ဝဲနေသည့် မျက်ရည်စက်အချို့သည် သူ့အလိုလို ခံနိုင်ရည် မရှိတော့ဘဲ ဤ ပါးပြင်ထက် အလိုက်သင့် ခုန်ဆင်းလာကြကုန်သလို
တစ်ခဏချင်း ထို ဖန်သားပြင်ကြီးလည်း မှောင်မိုက်သွားလေ၏။

" ဟဲ့ .. ဘာလို့ ပိတ်ပစ်လိုက်တာလဲ "

ဘေးနားမှာ အဝတ် လာခေါက်ရင်း TV ကြည့်နေတဲ့ အမေက အဝတ်ခေါက်ခြင်းအား ခေတ္တ ဆိုင်းငံ့လို့ ကျွန်မဘက် ငေးကာ အံ့သြတကြီး မေးရဲ့။

" အဲ့ဒါ ညည်း ကြိုက်တယ်ဆိုတဲ့ ဟိုကောင်လေး မဟုတ်ဘူးလား ? "

မျက်ရည်စက်တွေကို အမေ မမြင်အောင် တိတ်တိတ်ကလေး ခိုးသုတ်လို့ ခပ်ဖြည်းဖြည်း မတ်တပ် ထရပ်လိုက်သည်။

" မကြိုက်တော့ဘူး .. အခု "

တုန်ရီအက်ကွဲစွာ ထွက်ပေါ်သွားသော အသံ။

နာကျင်စွာ ပြုံးလိုက်မိသည့် ထို အပြုံးတုများထဲ နောင်တတရားတို့ကတော့ တိတ်တဆိတ် ပုန်းခိုကိန်းအောင်းလျက်။

***

✉️ I have to find an energy.
That means I need YOU right now.

If I Have A Chance To Love You (Completed)Onde histórias criam vida. Descubra agora