26) The Neverending (Epilogue)

4.8K 283 103
                                    

Haein's POV

လည်ပင်းတစ်ဝိုက်ထံသို့ ကျူးကျော်နေသည့် လက်တစ်ဖက်ပေါ်၌ လက်ပတ်နာရီတစ်ခု ဆင်မြန်းထားသည် ထင်ရဲ့။

တချပ်ချပ် ရွေ့လျှားလျက် ရှိသော စက္ကန့်တံ၏ အသံကို ထို လက်ပတ်နာရီထဲမှ တစ်ဆင့် ခပ်တိုးတိုး ကြားယောင်ရ၏။

တစ် .. နှစ် .. သုံး .. လေး ...

ပြေးလွှားနေသည့် စက္ကန့်တံအတိုင်း အသံတိတ် လိုက်လံ ရွတ်ဖတ်ရင်း အချိန်တွေ ရပ်တန့်မနေခြင်းအား လှိုက်မောစွာ အတည် ပြုမိသည်။

အချိန်များ ရပ်တန့် မနေ၍ အကြောင်းမဲ့ ပျော်ရွှင် ကျေနပ်လာရာမှ ကော့ညွတ်ဖို့ဟန် ယိမ်းယိုင်သော အောက်နှုတ်ခမ်းလွှာသည် တစ်စုံတစ်ရာနှင့် ဆုံအတွေ့။

တစ်ခဏချင်း ပြာနှမ်းသွားရ၏။

" .... "

မျက်ရည်တွေ .. ။

အကြည့်များထဲ အားအင် ချိနဲ့စွာ ဝင်ရောက် ရင်ဆိုင်ထားသည့် အရှေ့က မျက်ဝန်းတစ်စုံအတွင်းမှ ခပ်ဖြည်းဖြည်းချင်း စီးဆင်းကျနေသော မျက်ရည်တွေ .. ။

" Daeyeol ... ? "

ယိုင်နဲ့စ ပြုလာသည့် ခြေတစ်စုံ။

ဝေရီလာသော အမြင်အာရုံများ။

အနောက်၌ ရှိနေရမည့် Daeyeol က ဘာကြောင့် ဟိုးအရှေ့ ခပ်လှမ်းလှမ်း အလွန်တွင် မတ်တပ် စုံရပ်နေလေသလဲ ??

ဒါမှမဟုတ်

Lee Daeyeol ဟု ကျွန်မ တစ်ထစ်ချ သတ်မှတ်ခဲ့သည့် အနောက်က ထို လူသည် ဟိုးအရင်ကတည်းက Lee Daeyeol မဟုတ်ခဲ့တာလား ??

ဒိန်းခနဲ ဆောင့်တက်သွားသော နှလုံးခုန်သံတွေကို ထိန်းချုပ်ဖို့ အားမသန်ခင် ပါးပြင်ထက်သို့ ပုလဲလုံး ဖြူဖြူများသာ တတောက်တောက် ကြွေလွင့်လာသည်။

ခပ်ဖွဖွ ရှိုက်ထုတ်လိုက်သည့် အသက်ရှူသံတစ်ချို့ လည်တိုင်သို့ တစ်ဖန် ထိတွေ့ခိုက် ရင်ခုန်နှုန်းတို့လည်း ပိုမို မြန်ဆန်လာပြန်လျက်။

" စွန့်လွှတ်နိုင်လိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်ခဲ့ဖူးတယ် ... "

" .... "

Daeyeol ရဲ့ Sneaker တစ်ရံ အနောက်သို့ တစ်လှမ်းပို ဆုတ်ခွာသွားလေ ...

If I Have A Chance To Love You (Completed)Opowieści tętniące życiem. Odkryj je teraz