Part-1

3.4K 222 4
                                    

လင်းလက်​​တောက်​ပ​နေ​သော ​ကောင်းကင်​သည်
ရုတ်​တရက်​​နေရာဝင်​ယူလာ​သော တိမ်​ညိုတို့
ကြောင့်​ ရုတ်​ချည်းအုံ့မှိုင်းသွား​လေသည်​ ။
မ​ကောင်း​သောနိမိတ်​ကို ​ဆောင်​ယူလာ​သော
ဒဏ်​ရာ များဖြင့်​ပြည့်​နှက်​​နေသည့်​ ​ခြေမြန်​စစ်​သည်​​တော်​​ကြောင့်​ ဘုရားရှင်​ထံတွင်
ခမည်း​တော်​မင်းတရား စစ်​​ပွဲ​အောင်​မြင်​ရန်​ ဆု​တောင်း
နေ​သော မင်းသမီး​သည်​ အလျှင်​အမြန်​ ​ပြေးထွက်​လာခဲ့​လေသည်​။
'​မောင်​မင်း ငါ့ခမည်း​တော်​​ရော ခမည်း​တော်
အသက်​ရှင်​လျက်​ရှိ​နေတယ်​ မဟုတ်​လား
ဟုတ်​ရဲ့လား ​မောင်​မင်း'
မင်းသမီးသည်​ စစ်​သည်​ဧ။်​တုန်​လှုပ်​​ခြောက်​ခြားမှုကို
ကြည့်​လျက်​ အ​ဖြေအား မှန်းဆမိ​သော်​လည်း
မျှော်​လင့်​ချက်​အနည်းငယ်​ဖြင့်​ စစ်​သည်​ဧ။်​ စကားလုံး
များကို​စောင့်​ဆိုင်း​နေခဲ့၏။
'စိုးရွံ့​ပေမယ့်​ အရှင်​မင်းတရားကြီးဟာ စစ်​ဘုရင်​ရဲ့
လက်​ထဲမှာ ကံကုန်​သွားပါပြီ အရှင်​မ'
မင်းသမီးသည်​ မိမိကိုယ်​တိုင်​တားမြစ်​​နေသည့်
ကြားမှ စစ်​ပွဲကိုထွက်​ခွာသွား​သော ဖခင်ဖြစ်​သူအား
ဝမ်းနည်း​ကြေကွဲစွာမြင်​​ယောင်​လျက်​ မျက်ရည်များ လှိမ့်​ဆင်းလာ​လေဧ။်​။
'ငါ့ခမည်း​တော်​ ဘယ်​လိုနတ်​ရွာစံသွားခဲ့သလဲ
စစ်​ဘုရင်​ ရဲ့ဓားချက်​ထိမှန်​သွားတာလား
တခြား​သောသူရဲ့ ဓားချက်​​ကြောင့်​လား'
စစ်​သည်​​တော်​သည်​ ပြင်းထန်​စွာ ငို​ကြွေးလျက်
'အရှင်​မင်းတရားကြီးဟာ စစ်​ဘုရင်​ရဲ့ အမိန့်​နဲ့
မိမိကိုယ်​ကို အဆုံးစီရင်​ ရတာပါ အရှင်​မ
တိုက်​ပွဲမှာ စစ်​ဘုရင်​နဲ့ စီးချင်းထိုးရာမှာ ရှူံးနိမ့်​ခဲ့
တဲ့အတွက်​ ရက်​စက်​တဲ့​တောင်းဆိုမှုအတိုင်း မင်းတရားကြီးက ​သေဆုံး​ပေးခဲ့ရပါတယ်​ အရှင်​မ'
ျကျိုး မင်းတရားကြီး၏ နန်းညွန့်​​လျောင်းလျာ
ဖြစ်​​သော ရှူးမင်​ မင်းသမီးသည်​ ဖခင်​​သေဆုံးမှု
အားကြားသိရ​သောအခါ စိတ်​နှလုံးမှာ ပူ​လောင်​လွန်း
သဖြင့်​​​ သနားစရာ​ကောင်း​သော ခမည်း​တော်​၏
မျက်​နှာကိုသာ အကြိမ်​ကြိမ်​မြင်​​ယောင်​လျက်​ ပြင်းထန်​စွာ
ငို​ကြွေး​လေ​တော့၏။ သို့​သော်​ မင်းသမီးသည်
စိတ်​ဓာတ်​အလွန်​ကြံ့ခိုင်​သူ ဖြစ်​ရကား ဝမ်းနည်းပူ​ဆွေးခြင်း ကိုမြိုသိပ်​၍ ဖခင်​၏ ​သေဆုံးမှုကို တိုင်းပြည်​သို့ အတိအလင်း​ကြေညာပြီးလျှင်
တိုင်းပြည်​အား ပြည်​လည်​စည်းရုံးရန်​ အပြင်းအထန်
ကြိုးပမ်းအားထုတ်​​လေ​တော့၏။ ဖခင်​၏မပြီး​မြောက်
သေး​သောရည်​မှန်းချက်​များကို မိမိအ​ကောင်​အထည်
ဖော်​ပြီးမှသာ မိမိသည်​​သေဆုံးသွား​သော ဖခင်​အား
တမလွန်​တွင်​​တွေ့မည်​ဟု ခံယူထား၏ ။
မင်းသမီးသည်​ မိမိဘဝတွင်​ တန်​ဖိုးအရှိဆုံးအရာတစ်​ခု ဖြစ်​သည့်​ဖခင်​အား မိမိရင်​ခွင်​မှ ဆွဲထုတ်​သွားသူ ကိုလည်း လက်​စား​ချေလိုစိတ်​များ အချိန်​နှင့်​အမျှ ပြည့်​နှက်​​နေ၏။
ငယ်​စဉ်​က မိတဆိုး​လေး ဖြစ်​ခဲ့၍ ဖခင်​၏အလိုလိုက်​မှုကို ခံယူ၍ကြီးပြင်းလာခဲ့​သော်​လည်း အင်​မတန်​မှ
စိတ်​ထားဖြူစင်​ ​သော​ကြောင့်​ မိမိ၏ဂုဏ်​သတင်း
သည်​အနယ်​နယ်​အရပ်​ရပ်​တွင်​ ​မွှေးပျံ့ခဲ့၏ ။
နဂိုစိတ်​ယုတ်​ရှိသူများပင်​လျှင်​ မင်းသမီး၏ဆုံးမသြဝါ
ဒ​ကြောင့်​ စိတ်​ကိုကြည်​လင်​​အောင်​ထားနိင်​ခဲ့သဖြင့်
မင်းသမီးအား စိတ်​ဧ။်​သန့်​ရှင်းမှုကို အလင်းပြ​သော
အလင်းပြနတ်​သမီး အဖြစ်​ တင်​စား​ခေါ်​ဝေါ်ခဲ့ကြ၏။
ထိုသို့​သော မင်းသမီး၏ စိတ်​ထဲတွင်​ ညစ်​နွမ်း​သော
စိတ်​များ ​ပေါ်လာ​အောင်​ ​ဆောင်​ကြည်း​ပေးခဲ့သူ
မှာ ဖခင်​အားရက်​ရက်​စက်​စက်​ ​​သေမိန့်​​ပေးခဲ့​သော
ရက်​စက်​ကြမ်းကြုတ်​သည့်​ စစ်​ဘီလူးပင်​ဖြစ်​သည်​။
မင်းသမီးသည်​ တိုင်းပြည်​အား ဥာဏ်​ပညာရှိစွာ
ဖြင့်​စည်းရုံးပြီး​နောက်​အနယ်​နယ်​အရပ်​ရပ်​မှ လက်​​အောက်​ခံဘုရင်​များကို ဆင့်​​ခေါ်၍ တိုင်းပြည်​​ရေးရာများကို အကျိုးတူပူး​ပေါင်း​ဆောင်​ရွက်​ရန်​ လှုံ့​ဆော်​ခဲ့သည်​။ နယ်​​မြေမရှိ​သေး​သော လူမျိုးစုများကိုလည်း လိုက်​လံစည်းရုံးကာ စစ်​မက်​​ရေးရာအတတ်​ပညာ
များဖလှယ်​ခဲ့သည်​။ အထိန်းအကွပ်​မရှိ​သေး​သော စိုက်​ပျိုး​မြေများကိုလည်း
်ကျွမ်းကျင်​စွာ ထိန်းသိမ်းကိုင်​တွယ်
လိုက်​၏။ဖခင်​ထံမှ သင်​ကြားခဲ့ရ​သော ပညာများ
ကိုအသုံးချ၍​ တိုင်းပြည်​၏ပြသာနာ​ပေါင်း
သောင်း​ခြောက်​​ထောင်​ကို တရားနှင့်​အညီ​ဖြေရှင်း
ပေးခဲ့၏။သို့ရာတွင် မိမိ၏ ​ရင်​ထဲတွင်​ကိန်း​အောင်း​နေ​သော
အမုန်းတရား ကိုကား ​နေ့စဉ်​နဲ့အမျှ​မွေးမြူ
နေ​တော့သည။်​ ဖခင်​၏အ​လောင်းကိုပင်
မ​ကောက်​နိင်​ဘဲ အုတ်​ဂူအတုသာလျှင်​ ပြုလုပ်​ထား
ရ​သော သားသမီးတစ်​​ယောက်​၏ ​ကြေကွဲမှုများ
ကို ထိုဘီလူး သည်မည်သို့ မျှနားလည်​နိင်​လိမ့်​မည်​ မဟုတ်​​ကြောင်း
မိမိ​သေချာ​ပြောနိင်​​ပေသည်​ ။
တစ်​ခု​သောနံနက်​ခင်းတွင်
စစ်​ဘုရင်​၏​ခြေမြန်​​တော်​စစ်သည်​​​မှတ​ဆင့်​ 'ရှူးမင်​'မင်းသမီးထံသို့စာချွန်​လွှာ
ရောက်​လာ​လေ၏။ ထိုစာတွင်​'မင်းသမီး​၏ခမည်း​တော်​မှာ အသက်​ရှင်​လျက်​ရှိ​နေပြီး ယခုချန်​နိင်​ငံ၏​မြေ​အောက်
ခန်းတွင်​ဖမ်းဆီးထိန်းသိမ်း​​ထားပါသည်​။ သက်​​သေအဖြစ်​ အရှင်​မင်းကြီးနှင်​မင်းသမီး နှစ်​ဦးတည်းသာ သိ​သော ကဗျာအား ​ရေးသား​ပေးလိုက်​​ပါသည်​။ မနက်​ဖြန်​​နေထွက်​သည်​နှင့်​တစ်​ပြိုင်​နက်​ ဖခင်​ဖြစ်​သူ
အားမင်းသမီး​ကိုယ်​တိုင်​မှ လာ​ရောက်​​ခေါ်ယူပါရန်
အသိ​ပေးခြင်းဖြစ်​ပါသည်​ ။သို့ရာတွင်​အ​ပေးအယူရှိ
ပါသည်​ ။ထိုအ​ပေးအယူအား မင်းသမီး ချန်​နိင်​ငံသို့
ရောက်​လျှင်​ စစ်​ဘုရင်​မှ ကိုယ်​တိုင်​​ပြောကြားမည်
ဖြစ်​ပါသည်​ ။' သက်​​သေမှာ အလွန်​ခိုင်​လုံ​သော
အ​ကြောင်းအရာ ဖြစ်​သည့်​အပြင်​ ကဗျာ​ရေးသား
သော ဖခင်​၏ လက်​​ရေးကိုလည်း ​သေချာစွာ မှတ်​မိ
သဖြင့်​ မင်းသမီး​သည်​ မဆိုင်းမတွဘဲ ချန်​နိင်​ငံသို့
ခရီးပြင်းနှင်​​တော့၏။ ​နောက်​ပါစစ်​သည်​တစ်​​ထောင်​နှင့်​အတူ ဟိုဘက်​နိင်​ငံမှ ​တောင်းဆိုမည်​ထင်​ရ​သော
အဖိုးတန်​တွင်းထွက်​ပစ္စည်းများနှင့်​တကွဆန်/ဆီ/ဆား အစရှိသည်​တို့်​ကို သယ်​​​ဆောင်​လာခဲ့၏ ။
ချန်​နိင်​ငံ၏ နန်း​တော်​အတွင်းသို့ ဝင်​​ရောက်​ရ
သောအခါ နီလာအပြည့်​ဖြင့်​ စီခြယ်​ထား ​သော
ပလ္လင်​​ပေါ်တွင်​ အိုမင်းရွတ်​တွစွာ ထိုင်​​နေ​သော
စစ်​ဘုရင်​အား ​တွေ့ရ၏.။ထိုအဘိုးကြီးသည်​ နှစ်ပြည်​​ခန့်​​လေးမည်​ထင်ရ​သော ​​ရွှေသရဖူကြီး
အား​ခေါင်း​ပေါ်တွင်​ ​တင်​လျက်​ မ​ပေါ့ပါး​သော စိန်​နားဆွဲကြီးများကို မလိုက်​ဖက်​စွာ ဝတ်​ဆင်​ထား
လေ၏။ ထိုလူကြီး၏​ဘေးတွင်​ မင်းညီမင်းသားဟု
ထင်​ရ​သော ​အင်​မတန်​​ချော​မောလှပသည့်​ ​လူငယ်​တစ်​​ယောက်​သည်​ မင်းသမီးအားထူးခြားစွာ
စိုက်​ကြည့်​​နေ​လေသည်​။ ပို၍ထူးခြားသည်​မှာ
ထိုသူ၏သမင်​နှင့်​တူ​သော မျက်​လုံးများပင်​ဖြစ်​၏။ သို့ရာတွင်​ မင်းသမီးသည်​ ဖခင်​အား​တွေ့ချင်​စိတ်​အား
ပြင်းပြ​နေသဖြင့်​ စစ်​ဘုရင်​အား မိမိဖခင်​ သက်​ရှိထင်​ရှား ရှိမှုကို သက်​​သေပြပါရန်​ ​လျှောက်​ထား​လေ၏။ စစ်​ဘုရင်​၏ အမိန့်​​ပေးမှု​အောက်​တွင်​ စစ်​သည်​တို့သည်​ မိမိဖခင်​အား လျှင်​မြန်​စွာ ​ခေါ်​ဆောင်​လာခဲ့ကြသည်
ဖခင်​၏ သနားစရာပုံစံအား ​တွေ့ရန်​ စိတ်​ကိုအသင့်​ပြင်
ဆင်​ပြီး​သော ရှူးမင်​သည်​ ရုတ်​တရက်​ကြက်​​သေ
သေသွား၏။ ဖခင်​မှာ မိမိ​မျှော်​လင့်​​သော ပုံစံမျိုး
မဟုတ်​ဘဲ ဝတ်​​ကောင်းစားလှများဖြင့်​ ကျန်းမာသန်​စွမ်း​နေ​သော​ကြောင့်​ဖြစ်​သည်​။
နောက်​ဆုံးတွင်​ မိမိ၏အဖိုးတန်​လှစွာ​သော ဖခင်​မင်းတရားကြီးနှင့်​ စစ်​ဘုရင်​တို့၏ လုပ်​ကြံဇာတ်​လမ်းသည်​ ကွက်​ကွက်​ကွင်းကွင်း
ကြီး​ပေါ်လာ​လေ၏။ ဘုရင်​နှစ်​ပါး၏ဥာဏ်​ရည်​ထက်​မြက်​မှုများကြား
တွင်​ဓားစာခံဖြစ်​သွားသူမှာ ရှူးမင်​နှင့်​ သမင်​မျက်​လုံးပိုင်​ရှင်​တို့သာ ဖြစ်​​တော့သည်​။

နောက်​တစ်​ပိုင်း ဆက်​ဖတ်​ပါရန်
ဒီလိုအ​ရေးအသားညံတာကို သည်းခံပြီးဖတ်​​ပေးတဲ့အတွက်​ ​ကျေးဇူးအများကြီးတင်​ပါတယ်​။ ​နောက်​ပိုင်းဒီထက်​ပိုပြီး ကြိုးစား​ပေးပါ့မယ်​။
စာဖတ်​သူတစ်​​ယောက်​ပဲရှိရင်​​တောင်​ ​ကျေနပ်​ပါတယ်​။

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now