ဂျိုဆောင်ပြည်သည် နန်းတွင်းရေးရာအရှုပ်အရှင်းများ
အလွန်များပြားသော နိင်ငံဖြစ်သည်။ ဘုရင်ပြီးလျှင်
ထိုနိင်ငံ၌ အဆင့်မြင့်သော လူတန်းစားများမှာ
နိယွန်ခေါ် လူကုန်ထံ တစ်ဖြစ်လဲ အမတ်လူတန်းစားများပင်ဖြစ်သည်။ ၄င်းတို့၏နောက်
တွင်မှ ဆိုယွန်နှင့်နာမင် ဟူသောလူတန်းစားများ
ကသက်သက်ရှိကြသည်။ နိယွန်အမတ်များသည်
ဘုရင်အားရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ သဘောထား
ပြီး နိင်ငံ၏စီးပွားရေးကို လက်ဝါးကြီးအုပ်ကာ ၄င်းတို့
စိတ်တိုင်းကျ တိုင်းပြည်ကိုခြယ်လှယ်နေကြသည်။
ဆိုယွန်အမတ်များနှင့်လည်း မတည့်ကြပေ။နာမင်များကလည်း ၄င်းတို့အား
မျက်စိစပါးမွှေးစူးကြသည်။ သို့သော်လည်း နန်းတော်
၌အမြင့်ဆုံးသောအမတ်ရာထူးများကို နိယွန်များကသာရကြသည့်အတွက် နိယွန်များက
ကျန်သောလူတန်းစားများကို နှိမ်ကြသည်မှာ
အထူးအဆန်းမဟုတ်တော့ချေ။ ဆူဟိုအနေဖြင့် မိမိ၏ဖခင်အား လွန်စွာစိတ်ပူနေရသည်။ နိယွန်များသည် မိမိမရှိသောအချိန်၌ နန်းတော်အား
လက်ဝါးကြီးအုပ်ရန်ကြိုးပမ်းလာခဲ့မည်ဆိုလျှင်
ဖခင်သည် အနည်းနှင့်အများ အသက်အန္တရာယ်ရှိလာ
နိင်ပေသည်။ မိမိ၏တစ်ဦးတည်းသော မောင်တော်
ဘက်ခ်ယွန်းမှာလည်း ရှင်းလာပြည်သို့ပညာတော်သင်သွားသည့်
အတွက် အကွက်ချောင်းနေသော နိယွန်များသည်
သည်အခွင့်အရေးကို အမိအရအသုံးချလာနိင်ပေသည်။ ဖခင်သည် ငယ်စဉ်ကတည်းက တိုင်းရေးပြည်ရေးတွင် စိတ်ဝင်တစားရှိခဲ့သူမဟုတ်။ ထို့ကြောင့် ဖခင်ထက်
ပိုပြီးထက်မြက်သော မိမိ၏ဦီးရီးတော်မှာ ထီးနန်းရရန်
အခွင့်အရေးများခဲ့သည်။ သို့သော် နိယွန်များက ဖခင်အားထီးနန်းရစေရန်အတွက် ဦးရီးတော်နှင့် ဘိုးတော်ကြားထဲတွင် ရန်တိုက်ပေးခဲ့ရာ ဦးရီးတော်မှာ
အသက်၃၀အရွယ်တွင် ကွပ်မျက်ခံခဲ့ရသည်။ထို့နောက် တိုင်းရေးပြည်ရေးကို
ျပေါ့ပေါ့တန်တန်သဘောထားသော မိမိ၏ဖခင်
ထီးနန်းတက်လာသောအခါ ၄င်းတို့စိတ်တိုင်းကျ ကြိုး
ကိုင်ပြီးခြယ်လှယ်နေတော့သည်။ သို့သော် မိမိ အိမ်ရှေ့စံမင်းသမီးဖြစ်လာသော အချိန်၌၄င်းတို့သည် ဖခင်အား ယခင်ကကဲ့သို့
စိတ်တိုင်းကျ ကြိုးမကိုင်နိင်တော့ပေ။ မိမိသည် နိယွန်အမတ်များ၏အကျင့်ပျက် ခြစားမှုကို ဖော်ထုတ်
ခဲ့ပြီး ရာထူးကြီးအမတ်များကို နယ်နှင်ဒဏ်ပေးခဲ့သည်။ မိမိသည်ဆေးပညာအားလွန်စွာ စိတ်ဝင်စားမှူကြောင့်
အခမဲ့ဆေးဆိုင်နှင့်ဆေးခန်းများကို ဂျိုဆောင်ပြည်အနှံ့အပြားတွင် တည်ထောင်ခဲ့ပြီး
တခြားသောနိင်ငံမှပညာရှင်များနှင့်လည်း အကျိုးတူ
ပူးပေါင်းမှုများဆောင်ရွက်ခဲ့သည်။ ဆင်းရဲသားပြည်သူများသည် လူကုန်ထံသမားတော်
များထံတွင် အခကြေးငွေများစွာကုန်ကျခံပြီး အကုအသမခံယူရတော့သည့်အတွက် မိမိအားများစွာ
ကျေးဇူးတင်ခဲ့ကြသည်။ သို့သော်လည်း အဲသည်နေရာတွင်ပင် မိမိသည် ရီရှင်းနှင့်တွေ့ဆုံခဲ့ရပြီး မိမိစိတ်ကိုမိမိမနိင်ဘဲ ချန်နိင်ငံသို့ လိုက်ပါလာခဲ့သည်။ မိုက်မဲသော မိမိအား ဖခင်စိတ်နာသည်မှာ အထူးအဆန်းမဟုတ်ချေ။ မိမိသည် ဖခင်အားရန်သူ
များကြားတွင် တစ်ယောက်တည်းထားမိခဲ့ချေပြီ။
ယုတ်မာသောနိယွန်များသည် ဖခင်အားမလွဲမသွေ
အကောက်ကြံပေလိမ့်မည်။ မိမိသည်တွေးရင်းဖြင့်
ျအသည်းအသန်စိတ်ပူပန်လာသည်။ သည်လိုအချိန်မျိုးတွင် မိမိ၏အနား၌ရီရှင်းအား
ရှိနေစေချင်သည်။ သို့သော်လည်း ၄င်း၏လူနာများကြောင့် မိမိအားအချိန်ပြည့်မပေးနိင်ချေ။ ထို့ကြောင့် မိမိနှင့်အနီးစပ်ဆုံးဖြစ်သော ရှူးမင်အားတိုင်ပင်ရန်
ဆုံးဖြတ်လိုက်သည်။
![](https://img.wattpad.com/cover/56339702-288-k483712.jpg)
YOU ARE READING
သမင်မင်းသား၏ရွှေကြာပန်း
Randomသမင်မင်းသား၏ရွှေကြာပန်း စိတ်ကူးတည့်ရာ လျှောက်လုပ်ထားခြင်းဖြစ်ပါသည်။ သည်းခံပြီးဖတ်ပေးပါရန်