ရှူးမင်သည် လုဟန်၏ သွေးစက်လက်ဖြင့် ထွက်ခွာ
သွားသော နောက်ကျောပြင်ကို ကြည့်ရင်း အလွန်စိတ်ပူမိလေ၏။ မိမိအိပ်ဆောင်သို့ ပြန်လာခဲ့သော်လည်း လုဟန်၏ ဝမ်းနည်းကြေကွဲနေ
သောပုံရိပ်တို့သာ မိမိ၏မျက်လုံးထဲ၌ ပေါ်လာလေ၏။
မိမိသည် ထိုမင်းသားအား နောက်ထပ်နာကျင် ခံစားရ
အောင်လုပ်မိပြန်လေပြီ။ ထိုမင်းသားအား မနှစ်မြို့သောစိတ်တို့သည် ယခုအချိန်၌ကား ဂရုဏာအဖြစ်ပြောင်းလဲကုန်လေပြီ။ ထို့ကြောင့် ရှုးမင်သည် လုဟန်၏စိတ်ကို နှစ်သိမ့်ပေးရန် ဆုံးဖြတ်လိုက်သည်။ မိမိအား မိတ်ဆွေတစ်ယောက် အဖြစ် ကြည်ဖြူစွာ စကားပြော
နိင်မည်ဟု မျှော်လင့်မိသည်။ မိမိ၏အမျှော်လင့်ခဲ့ဆုံး
သောဆန္ဒသည် လက်ထပ်ပွဲဖျက်သိမ်းရေး ဖြစ်သော်လည်း ထိုမင်းသားနာကျင်ခံစားရမည်ကို
စိုးရိမ်၍ အချိန်ယူပြီးမှ ဖျောင်းဖျမည်ဟု ဆုံးဖြတ်ထားသည်။ ရှူးမင်၏စိတ်ထဲတွင် ယခုလက်ရှိ အရေးကြီးဆုံးသောအရာမှာ လုဟန်၏စိတ်ကို နှစ်သိမ့်ဖို့ရန်သာဖြစ်သည်။ လုဟန်၏ စိတ်ဒဏ်ရာကို မိမိကုစားပေးချင်သည်။ အနည်းဆုံး မိမိသူ့ကို မုန်းတီးနေခြင်း မဟုတ်ကြောင်း သိစေလိုသည်။လုဟန်၏အိပ်ဆောင်သို့ ရောက်သောအခါ မျက်နှာပျက်နေသော အပျိုတော်လေးများကို တွေ့ရ၍
အကျိုးအကြောင်း မေးကြည့်သောအခါ အထိန်းတော်ကြီးတစ်ခုခုဖြစ်မည် စိုးရိမ်၍
စိတ်ပူနေခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ရှုးမင်သည် မိမိရောက်ရှိလာကြောင်း အကြောင်းမကြားခိုင်းဘဲ အခန်းထဲသို့ ညင်သာစွာ
ဝင်ပြီးလျှင် အထိန်းတော်ကြီး၏ လက်ထဲမှ ဆေးခွက်တို့ကို တောင်းယူလိုက်လေသည်။ အထိန်းတော်ကြီး၏ ချွေးပြန်နေသော မျက်နှာသည်
အတန်ငယ်ကြည်လင်လာပြီးလျှင် မင်းသားအား ဦးညွတ်၍ အခန်းထဲမှ ထွက်ခွာသွားလေ၏။လုဟန်သည် ရှူးမင် ရုတ်တရက် မိမိရှေ့သို့ ရောက်လာသောကြောင့် အံ့အားသင့်ပြီး တော်တော်ကြာစကားမပြောနိင်ပေ။ သို့သော် လှပသော မျက်လုံးနှစ်စုံ၏ တွေ့ဆုံမှုနောက်ကွယ်တွင်
မိမိတို့် ပြောချင်သော စကားလုံးများသည် ထောင်သောင်းမကရှိလေသည်။ ရှူးမင်သည် လုဟန်၏သွေးဆုတ်နေသော မျက်နှာကိုကြည့်ပြီး
ခေါင်းနပန်းကြီးသွားလေ၏။ လုဟန်သည် မကြာမီပင်
အပြင်းအထန်ဖျားနာတော့မည်မှာ အသေအချာပင်ဖြစ်၏။ စိတ်ဆောင်နေသောကြောင့်
သာ လူမှာအကောင်းပကတိ မတ်တပ်ရပ်နိင် နေခြင်းဖြစ်ပေသည်။ သို့သော် လုဟန်၏နှုတ်ခမ်းများသည် ပြာနှမ်းစပြုလာလေပြီ။
ထို့ကြောင့်ရှူးမင်သည် ဆေးခွက်များကို ယူပြီးလျှင်
လုဟန်၏ ရှေ့သို့ချပေးလိုက်သည်။
![](https://img.wattpad.com/cover/56339702-288-k483712.jpg)
YOU ARE READING
သမင်မင်းသား၏ရွှေကြာပန်း
Randomသမင်မင်းသား၏ရွှေကြာပန်း စိတ်ကူးတည့်ရာ လျှောက်လုပ်ထားခြင်းဖြစ်ပါသည်။ သည်းခံပြီးဖတ်ပေးပါရန်