Luhan's Pov
ကျွန်ပ်ဟာ အင်အားချိနဲ့စွာနဲ့နိးထလာခဲ့ပေမယ့်
ကျွန်ပ်ရဲ့ဘေးမှာ ရှိနေတဲ့ သည်မိန်းကလေးကြောင့်
အားအင်တွေပြည့်ဖြိုးလာသလိုခံစားလိုက်ရ
တယ်။ ရုတ်တရက်ကျွန်ပ်ရဲ့လက်ချောင်းတွေဟာ
သံသယစိတ်နဲ့သူမကိုထိတွေ့လိုက်ပေမယ့် သူမရဲ့
နွေးထွေးစွာ ပြန်လည်ဆုပ်ကိုင်ပေးမှုကြောင့် သူမဟာကျွန်ပ်ရဲ့အနားမှာ အမှန်တကယ်ရှိနေမှန်း
ကျွန်ပ်သဘောပေါက်သွားတယ်။ သူမဟာ ကျွန်ပ်ကို
ရူးမိုက်မှုကြောင့် ချစ်မြတ်နိးခဲ့တယ်လို့ပြောခဲ့တာကို
အမှတ်ရလာတော့ ကျွန်ပ်ရင်ထဲမှာသေမတတ်နာကျင်
ပေမယ့် သူမရဲ့မျက်ဝန်းတွေက ကျွန်ပ်ကိုတောင်းပန်စကားပြောကြားနေခဲ့တယ်။
ကျွန်ပ်ဟာနောက်တစ်ကြိမ်သူမကို စိတ်ထိခိုက်အောင်မလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။
သူမ ကျွန်ပ်အနားကနေထွက်ခွာသွားမှာ သေမတတ်
ကြောက်ရွံ့နေခဲ့ပြီလေ။
Luhan ၏အခြေအနေမှာသတိရလာပြီးနောက်ပိုင်း
ရက်အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။
ကျွန်ပ်နှင့်အတူတူရှိနေခြင်းကပင် Luhan အတွက်
နေမကောင်းဖြစ်ချင်သည့် ရက်များပေါများလာအောင်
ဖန်တီးနေသည်ဟု သူကပြောသည်။ Luhan သည်
မိမိအား အနားမှတစ်ဖဝါးမှမခွာခိုင်းပေ။ မိမိကျွေးသောနံနက်စာနှင့် ဆေးအားသောက်
သုံးပြီးလျှင် ခတ္တမျှဥယျာဉ်အတွင်းသို့ကျွန်ပ်နှင့်အတူ လမ်းလျှောက်ထွက်သည်။ ပြန်လာသည်နှင့် ကျွန်ပ်လက်ပေါ်တွင်ခေါင်းအုံးပြီး တစ်ရေးတစ်မော
အိပ်သည်။ Luhan အိပ်ပျော်သွားမှ ကျွန်ပ်လည်း အိပ်ဆောင်သို့ပြန်ပြီးအနားယူရသည်။ Luhanသည်နိးလာလျှင်လည်း ကျွန်ပ်အားအသည်းအသန်ရှာသည်။ စစ်ဘုရင်သော်မှ
၎င်း၏သားတော်အား မျက်စိနောက်လာသည်။ စစ်ဘုရင်က ကျွန်ပ်အားနန်းရင်းဝန်ရာထူးပေးရန်
စီစဉ်သောအခါ၌လည်း Luhan ၏အပြင်းအထန်
ကန့်ကွက်မှုကြောင့် ကျွန်ပ်မှာငြင်းဆိုလိုက်ရသည်။
မိမိသာနန်းရင်းဝန်ဖြစ်သွားလျှင် ၄င်းနှင့်တွေ့ချိန်မှာအလွန်ရှားပါးသွားမည်စိုးသော
ကြောင့်ဟု စောဒကတက်သည်။ ကျွန်ပ်သည် Luhan လူကောင်းပကတိပြန်ဖြစ်သွားသော
အချိန်မှသည်ရာထူးကို လက်ခံပါမည်ဟု Luhan
ရှေ့တွင် ကျိန်ဆိုထားသည်။ ယခုအချိန်၌ကား ကျွန်ပ်သည်၎င်း၏ အနားမှခွာလို့မရပေ။ကျွန်ပ်မရှိသည်နှင့် ဆေးလည်း
ျကောင်းမွန်စွာမသောက် အစာလည်းကောင်းမွန်စွာ
မစားသောLuanအာ်းမည်သည့်နည်းနှင့်မျှ ဂရုမစိုက်ဘဲနေလို့မရပေ။ Luhan၏ပြောင်းလဲ
လာသောအကျင့်တစ်ခုသည်ကား ၄င်းသည် မိမိအား
ဘယ်သောအခါမှအကြမ်းမဖက်တော့ခြင်းဖြစ်သည်။ အားနည်းနေသည့်အတွက် မိမိအားမထိတွေ့ခြင်းမဟုတ်ပေ။ ၄င်း၏ပင်ကိုယ်အသိစိတ်က ကျွန်ပ်အားစိတ်ချမ်းသာ
အောင်ထားရန် ဆုံးဖြတ်ပြီးဖြစ်နေသည်။
၎င်းကအကြမ်းမဖက်သည့်အတွက် ကျွန်ပ်သူ့အနားတွင် ရှိနေရသည်မှာ ပိုပြီးသက်တောင့်
သက်သာဖြစ်လာခဲ့သည်။
YOU ARE READING
သမင်မင်းသား၏ရွှေကြာပန်း
Разноеသမင်မင်းသား၏ရွှေကြာပန်း စိတ်ကူးတည့်ရာ လျှောက်လုပ်ထားခြင်းဖြစ်ပါသည်။ သည်းခံပြီးဖတ်ပေးပါရန်
