စစ်ပွဲမှပြန်ရောက်လာသော အိမ်ရှေ့စံမင်းသားအား
ကြိုဆိုမည့်ချန်ပြည်သူများသည် နန်းတော်ရှေ့တွင် ပျားပန်းခတ်မျှစုရုံးနေကြသည်။နန်းတော်တံတိုင်း အပြင်မှဆူညံသံများသည် ဘုရားကျောင်းထဲမှ
မင်းသမီးလေးအား ဆက်၍အာရုံမပြုနိင်အောင် လှုံ့ဆော်လျက်ရှိသည်။ မိမိသည်လည်း လုဟန်အား
အပြင်သို့ကိုယ်တိုင်ထွက်၍ ကြိုဆိုချင်မိသည်။ လုဟန်၏အနာတရမဖြစ်သော ပုံစံကိုမိမိအတည်ပြု
ချင်သည်။ မင်းသမီးဆိုသော ဂုဏ်ပုဒ်ကြောင့်သာ
သည်နေရာတွင် မိမိ၏ဆန္ဒကိုချိုးနှိမ်ထားရခြင်း ဖြစ်၏။ အထိန်းတော်ကြီး၏ပြောကြားချက်
အရ လုဟန်သည် ချန်မိန်းမပျိုများအကြားတွင် အလွန်ရေပန်းစားကြောင်းသိရသည်။ သို့ကြောင့်
မိန်းမပျိုများလေးများ၏ ချစ်စဖွယ်အသံလေးများကို
နန်းတော်တံတိုင်းအပြင်ဘက်မှ မိမိအများဆုံးကြားနေရခြင်းဖြစ်သည်။ အထိန်းတော်
ကြီးကမေးဖူးပါသည်။ အရှင်မ လုဟန်မင်းသားကို
သဝန်မတိုဘူးလားဟူ၍။ မိမိတွင် ထိုသို့သော
သဝန်တိုစိတ်စိုးစဉ်းမျှပင်မရှိချေ။ လုဟန်အား နှစ်သက်သဘောကျသည်မှာ ထိုမိန်းမပျိုလေးများ၏
အပြစ်မဟုတ်ဟု မိမိထင်သည်။ ရိုးသားဖြူစင်သော ထိုမိန်းကလေးများသည် လုဟန်အားတန်ဖိုးထားသည်မှာ မိမိကိုယ်တိုင်ပင် ဂုဏ်ယူမိလေသည်။ သို့သော် မိမိကြောက်သည်မှာ
ထိုမိန်းကလေးများ၏အမုန်းကိုခံယူရမည်ကိုပဲ ဖြစ်သည်။ မိမိအားမကောင်းမမြင်စေချင်ပေ။မိမိသည် လုဟန်အားသေမတတ်မုန်းတီး
ဖူးသည်ဆိုသည်ကိုသာ ၄င်းတို့ရှာဖွေတွေ့ရှိသွားလျှင်
မိမိအားကျိန်ဆဲလိုက်ကြမည်မှာ မလွဲမသွေပင်ဖြစ်၏။
လုဟန်ဦးဆောင်သော စစ်တပ်သည် နန်းတော်အပေါက်ဝတွင် ရောက်နေလေပြီ။ လုဟန်သည် ချန်ပြည်သူတို့၏တစ်ခဲနက်အော်ဟစ် အားပေးသံများ
ျကြောင့် စစ်ပွဲကြောင့် ပင်ပန်းသမျှ ပြေလျော့သွား
သည်ထင်မိသည်။ မိမိသည် ချန်ပြည်သူများ၏
အသက်ကို မိမိအသက်နှင့်လဲပြီး ကာကွယ်သွားမည်
ဟု၎င်းတို့၏ရှေ့တွင် အကြိမ်ကြိမ်အခါခါကြွေးကြော်
ခဲ့ပြီး စစ်ပွဲတိုင်းတွင် အမြဲတမ်းအောင်ပွဲခံနိင်ခဲ့သဖြင့်
မိမိအား ၄င်းတို့ချစ်ခင်လေးစားကြသည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ မိမိအတွက် သည်တစ်ခေါက်အထူးဆန်းဆုံး ကိစ္စသည် မမျှော်လင့်သော သူထံမှမေတ္တာကို
လက်ခံရရှိခြင်းဖြစ်၏။မိမိအားသေမတတ်မုန်းတီးခဲ့သော သူမသည် မကြာမီပင် မိမိ၏မဟေသီဖြစ်လာရ
ပေတော့မည်။ မိမိအတွက် တန်ဖိုးရှိလွန်းလှသော သူမသည် မိမိအား နန်းတော်ထဲမှ အပူတပြင်း စောင့်မျှော်နေရှာပေတော့မည်။ ထိုမျက်နှာလေးကို
မိမိအမြန်ဆုံးတွေ့ချင်လှလေပြီ။ ထို့ကြောင့် ပြည်သူများအား ရိုသေစွာ ဦးညွတ်ပြီးလျှင် နန်းတော်တွင်းသို့ဝင်ခဲ့လေသည်။

YOU ARE READING
သမင်မင်းသား၏ရွှေကြာပန်း
Diversosသမင်မင်းသား၏ရွှေကြာပန်း စိတ်ကူးတည့်ရာ လျှောက်လုပ်ထားခြင်းဖြစ်ပါသည်။ သည်းခံပြီးဖတ်ပေးပါရန်